Pages

Friday, October 5, 2012

One Lady Show မလုပ်ခင် ရိပ်သာဝင်ဦးမယ့် ထွန်းအိန္ဒြာဗို

နိုဝင်ဘာ ၃ရက်နေ့ ကျင်းပဖို့ စီစဉ်ထား တဲ့ ထွန်းအိန္ဒြာဗိုရဲ့ One Lady Show ပွဲကို အမျိုးသား ကဇာတ်ရုံ မအားလပ်တာ ကြောင့် နိုဝင်ဘာ ၂၈ရက်နေ့ (တန်ဆောင်မုန်း လပြည့်နေ့) ကိုပြောင်းရွှေ့ ကျင်းပဖို့ စီစဉ် လိုက်ပါတယ်။


ခုလို တန်ဆောင်မုန်း လပြည့် နေ့မှာ ကျင်းပဖြစ်တဲ့ အပေါ် ထွန်းအိန္ဒြာဗိုက ” နိုဝင်ဘာ တစ်လလုံးမှာ အမျိုးသား က ဇာတ်ရုံက ပိတ်ရက်တွေ တစ်ခုမှ မအားလပ်တော့ဘူး။ ဒီဇင်ဘာလ ထဲကိုလည်း မစွန်းချင်ဘူး။ တောက်လျှောက် ဇာတ်ကားရိုက်တွေ ဖျက်လာတာက ဒီဇင်ဘာ ၁ရက်နေ့ ကစပြီး ပြန်ပြီး အကုန် လက်ခံထားပြီးသား ဖြစ်နေတယ်။


နိုဝင်ဘာလထဲမှာ ဖြစ်အောင် လုပ်မယ်။ အမေစု အပြင် ထွက်လာကတည်း က လုပ်ချင်တဲ့ပွဲပဲ။ ဒီ့ထက် လည်း သိပ် မနောက်ကျချင်တော့ဘူ။ ၂၈ရက်နေ့က ဗုဒ္ဓဟူးနေ့ တန်းဆောင်မုန်း လပြည့်ညဖြစ်တော့ ပိတ်ရက် ဖြစ်နေတယ်။ အဲဒါကြောင့်One Lady Show ကို တန်ဆောင်မုန်း လပြည့်ည မှာ ကျင်းပဖို့ သေချာသွားပါပြီ” လို့ ပြောပါတယ်။


 ပွဲက တန်ဆောင်မုန်း လပြည့်ည ဖြစ်တဲ့အတွက် ပါဝင် ကူညီချင်တဲ့ တချို့ အနုပညာ သမား တွေကတော့ ပွဲတွေတိုက်နေတဲ့ အတွက် မလာနိုင်ကြတဲ့ အနုပညာ ရှင်တွေ ရှိသလို၊ ထပ်တိုးပြီး ပါဝင် ချင်တဲ့ အနုပညာရှင်တွေလည်း လာရောက်ကြ မှာဖြစ်ကြောင်း ထွန်းအိန္ဒြာဗို က ပြောပါတယ်။


မိခင်နဲ့အတူ အောက်တိုဘာ ၁၇ ရက်နေ့မှ ၂၄ရက်နေ့အထိ ရိပ် သာ ဝင်မယ် လို့ ထွန်းအိန္ဒြာဗို က ဆိုပါတယ်။ အောက်တိုဘာ ၂၇ရက်နေ့ စင်ကာပူမှာ ကျင်းပမယ့် Rဇာနည်ရဲ့ One Man Show မှာလည်း သူမ ပါဝင်ဖျော်ဖြေ မှာဖြစ်လို့ အောက်တိုဘာ၂၆ရက်နေ့မှာ စင်ကာပူကို သွားမှာဖြစ်ပြီး သားဖြစ်သူ ကိုလည်း ကျောင်း ၄ရက် ပိတ်တဲ့ အတွက် ခေါ်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။


 One Lady Show ပွဲမှာရတဲ့ အကျိုးအမြတ် အားလုံးကို လှူဒါန်းသွား မှာဖြစ်တဲ့ ထွန်းအိန္ဒြာဗိုက ပြေတီဦး ပညာ ရေးဖောင် ဒေးရှင်း မှာလည်း ကျောင်းသား တစ်ဦး ရဲ့ကျောင်းစရိတ်ကို တာဝန်ယူ လှူဒါန်း မှာဖြစ်ပါတယ်။


 “ကျွန်မတို့ တိုင်းပြည်မှာ လိုအပ်တဲ့နေ ရာတွေ ကတော့ အများကြီး ပဲပေါ့။ ကိုယ် လက်လှမ်းမီတဲ့ နေရာတွေ၊ ကိုယ် တတ်နိုင်တာတွေကို အကုန်လုပ်တဲ့ သဘောပါပဲ။ ကျွန်မ တို့တိုင်းပြည်မှာ ဆရာဝန်တွေ လည်း လိုအပ်နေ တယ်။ ကိုယ်နဲ့ နီးစပ်တဲ့ လိုအပ်မှုကို လှူဒါန်းတဲ့ သဘောပါပဲ “လို့ လှူဒါန်း ဖြစ်ပုံကို ထွန်းအိန္ဒြာဗို က ပြောပါ တယ်။

Popular Journa

No comments:

Post a Comment