Pages

Monday, October 22, 2012

အင်းလေးကန်အတွင်းဖွင့်လှစ်ထားသော ဟိုတယ်များ၏ စွန့်ပစ်ပစ္စည်းများကြောင့် အင်းရေညစ်ညမ်းမှုဖြစ်ပေါ်

အောက်တိုဘာ(၂၂)

 

ရှမ်းပြည်နယ်ညောင်ရွှေမြို့ နယ်အင်းလေးကန်အတွင်းဖွင့်လှစ်  ထားသော ဟိုတယ်များ၏ စွန့်ပစ်  ပစ္စည်းများ အားလုံး အင်းရေထု အတွင်း၌သာ စီးဝင်လျက်ရှိပြီး ယင်းကြောင့် အင်းရေထုညစ်ညမ်း  မှုများဖြစ် လျက်ရှိ ကာ ရေရှည်တွင်   အင်းတွင်းရှင်သန်ကျက်စားလျက် ရှိသော ရေနေသတ္တ၀ါများလည်း သေေ ကြပျက်စီး လာနိုင်ကြောင်း အင်းဒေသခံများကဆိုသည်။
“အင်းထဲမှာ ရှိတဲ့ဟိုတယ်တွေ  ရဲ့ စွန့်ပစ်ပစ္စည်းတွေ အဆိုးဆုံးက တော့ မိလ္လာပိုက်တွေအကုန်လုံးက   အင်းရေ ထဲပဲ။ ပြန်ရောက်နေတယ် ဟိုတယ်တွေက ဒါတွေနဲ့ ပတ်သက်  ပြီး။ ပတ်ဝန်းကျင်ရော၊ အင်းရေ ထုကိုရော ထိခိုက် မှုမရှိမယ့်အစီ အမံမျိုးတွေနဲ့ စနစ်တကျလုပ်စေ ချင်တယ်။ တလောကသတင်းတွေ ထွက်နေတယ်။ အင်းထဲက ဟိုတယ်  တွေကို မလုပ်ကိုင်ခိုင်းတော့ဘူးဆို ပြီး။ အင်းထဲမှာရှင်သန်ကျက်စား  နေတဲ့ရေနေသတ္တ၀ါတွေလည်း ကြာရင်ပျက်စီးကုန်မယ်။ ဒါနဲ့ပတ် သက်ပြီး ဟိုတယ်ကလူတွေကို ပြောရင် သူတို့ကဆင်ခြေပေးတယ်။ ကျွန်တော်တို့စနစ်တကျလုပ်ပါ တယ်တဲ့ ဒါဆိုမိလ္လာစုပ်မယ့်သင်္ဘော  တွေ အမှိုက်သိမ်းမယ့် သင်္ဘော တွေကို စီစဉ်ပြီးစနစ်တကျလုပ်ပေါ့  ဗျာ ဒီလိုမဟုတ်တော့ အင်းရေ ညစ်ညမ်းကုန်တာပေါ့။ ခုတောင် ဒီလောက်ညစ်ညမ်း လာတာ ရေ ရှည်ဆိုအင်းထဲက ရေနေသတ္တ၀ါ  တွေတောင် ပျက်စီးနိုင်တယ်”ဟု ညောင်ရွှေမြို့နယ်နေသက်ကြီးရပ် မိရပ်ဖတစ်ဦးမှသုံးသပ်ပြောကြား သွားခဲ့သည်။
အင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်  လျက်ရှိသော ဟိုတယ်များအနေ ဖြင့် မိမိတို့၏ စွန့်ပစ်အမှိုက်များ၊ မိလ္လာပိုက်များ အား အင်းရေထု အတွင်းသို့သာစွန့်ပစ်လျက်ရှိနေပြီ။  ယင်းနှင့် ပတ်သက်၍ အင်းတာဝန်  ရှိသူများမှ စနစ်တကျ စစ်ဆေးမှု များ၊ ပူးပေါင်းအကြံပေးမှုများ ပါဝင်ပြုလုပ်ပေးခြင်းမပြုပါက ရေရှည်တွင် အင်းရေတုညစ်ညမ်း  မှုအခြေ အနေပိုဆိုးလားမည့်အပြင်  အင်းတွင်းရှင်သန်ကျက်စားလျက် ရှိနေသော ရေနေသတ္တ၀ါများ လည်း ထိခိုက် လာနိုင်ကြောင်း လေ့လာသိရှိရသည်။

THE HOT NEWS

No comments:

Post a Comment