Pages

Monday, October 8, 2012

ကမ္ဘောဇဘဏ်တွင် ငွေထုတ်သူများကို လိုသလောက် ထုတ်ပေးဟုဆို

ပုဂ္ဂလိကဘဏ်တွေမှာ လာရောက် အပ်နှံထားတဲ့ ငွေတွေဟာ ဗဟိုဘဏ်မှာ ရှိတဲ့အတွက် ငွေထုတ်လိုသူတွေ သူတို့ထုတ်ချင်တဲ့ ငွေပမာဏ အတိုင်း ထုတ်နိုင်အောင် ဗဟိုဘဏ်က စီစဉ်ထားတယ်လို့ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောပါတယ်။
ပုဂ္ဂလိကဘဏ်အားလုံးကို ဗဟိုဘဏ်က စနစ်တကျ စီမံအုပ်ချုပ်ထားတာမို့ ဘဏ်တွေ ပြိုကွဲဖို့ဆိုတာ မဖြစ် နိုင် သလို၊ အပ်ထားတဲ့ငွေတွေ ဆုံးရှုံးဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ဦးဝင်းသော်က ပြောပါတယ်။
အရင် မေဖလားဝါးဘဏ်နဲ့ အာရှဓနဘဏ်တို့ ပြိုကွဲခဲ့တုန်းကလည်း အဲ့ဒီဘဏ်တွေ မှာ ငွေအပ်ထားသူတွေ တဦးတယောက်မှ ဆုံးရှုံးခဲ့တာ မရှိပါဘူးလို့လည်း ပြောပါတယ်။
ကမ္ဘောဇဘဏ် ကောလာဟလနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က တာဝန်ယူတဲ့အကြောင်း ပြီးခဲ့တဲ့ စနေနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသိပေးခဲ့ပြီးပေမယ့် ဒီနေ့မှာ ငွေလာထုတ်သူတွေ များပြားနေသေး တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်နဲ့ ဆက်သွယ်မေးမြန်း ထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

DVB

No comments:

Post a Comment