Pages

Monday, October 8, 2012

SSA ၀မ်ဟိုင်းအဖွဲ့က လက်နက်ခဲယမ်းများဝယ်ယူရန်အတွက် ရွာသားများအား ငွေကြေးကောက်ခံ



အောက်တိုဘာ(၈)

SSA (၀မ်ဟိုင်း) အဖွဲ့မှ ဗိုလ်မှူး သက်ထွန်းအဖွဲ့သည် သိန်းနီမြို့နယ်အတွင်းရှိ ပန်လော့၊ မန်နောင်၊ ၀င်းလျှံ၊ ဟိုမိန်း၊ မိုင်းနီရွာများမှ ရွာလူကြီးများအား ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းနဲ့ အစည်းအဝေး တွင် ကျေးရွာများဘက်မှ ရှမ်းစာသင်ကြားရေးအတွက် ပြောဆိုခဲ့ပြီး SSA ခေါင်းဆောင် မှ ကျေး ရွာ များအလိုက် လူသစ်စုဆောင်းပေးရန်နှင့် KIA အဖွဲ့ထံမှ လက်နက်များဝယ်ယူထား ပြီး ဖြစ်သဖြင့် ငွေပေးချေရန်အ တွက် ကျေးရွာများအလိုက် ငွေကောက်ခံပေးရန် ပြောကြားခဲ့ပါတယ်။

၎င်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်းတို့အား ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းတစ်ခုသဖွယ် ဆောင်ရွက်လျက်ရှိကြောင်း ၄င်းတို့၏ ညွှန်ကြားချက်များကို မလိုက်နာသူများကို ဥပဒေမဲ့သတ်ဖြတ်လျက်ရှိကြောင်း ဒေသခံကျေးရွာများမှ သိရှိရပါသည်။

SSA (၀မ်ဟိုင်း) အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားပြီးဖြစ်သော်လည်း အစိုးရ တပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။ SSA (၀မ်ဟိုင်း) အဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပတ်သတ်၍ နာမည်ကြီးသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စက်တင်ဘာလ (၆) ရက်နေ့တွင် ၎င်းတို့အဖွဲ့ပိုင် (ဆူဒိုအက်ဖီဒရင်းအမျိုးအစား) ဆေးပြားပေါင်း (၁၇၆၀၀၀၀)ကျော်အား (ဆင်ကျော့ဒေသ) ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးခဲ့ပါတယ်။  
        

No comments:

Post a Comment