Pages

Tuesday, October 30, 2012

ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကနေဒါနိုင်ငံမှ လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

အောက်တိုဘာ(၃၀)



(ရန်ကုန်   အောက်တိုဘာ ၂၉)
ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာ ဦးဆောင်သော  မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ည ၆ နာရီခွဲတွင် လေ ကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာ ကြောင်း သိရသည်။
ပြည်သူ့ လွှတ်တော် ဒုတိ ယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဦးဆောင်သော မြန်မာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည်  ကနေဒါနိုင်ငံ  ကွိဘက်မြို့ (Quebec)၌  ကျင်းပ ခဲ့သည့် (၁၂၇) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ပါလီမန် သမဂ္ဂ IPU (Inter-Parliamentary Union) အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
အဖွဲ့ဝင် အဖြစ်လိုက်ပါ သွားကြသော အမျိုးသား လွှတ်တော် တောင်သူ လယ်သမား ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနောင် နှင့်  ပြည်သူ့ လွှတ်တော်  ပြည်သူ့ ငွေ စာရင်း ကော်မတီနှင့်  တရား ဥပဒေ စိုးမိုးရေးနှင့်  တည်ငြိမ် အေးချမ်းရေး ကော်မတီ အဖွဲ့ဝင် ဒေါ်မိယဉ်ချမ်း တို့ ပြန်လည် လိုက်ပါလာ ကြသည်။
ဦးနန္ဒကျော်စွာ  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက် ကြကြောင်း သတင်း ရရှိသည်။  

မြ၀တီ

No comments:

Post a Comment