Pages

Tuesday, October 30, 2012

ကုန်ကျစရိတ် အသက်သာဆုံးဖြင့် HIV ရောဂါ စမ်းသပ်ရှာဖွေမှု ပြုလုပ်နိုင်တော့မည်

အောက်တိုဘာ(၃၀)




ကင်ဆာရောဂါ အချို့နှင့် ကူးစက် ရောဂါ ဗိုင်းရပ်စ်ပိုး ပမာဏ အနည်း ငယ်ကူးစက်မှု တို့ကို ထောက်လှမ်း နိုင်သည့်  ဈေး အသက်သာဆုံး စမ်းသပ် သည့် ဆေးရည်ကို ဗြိတိန် သုတေသီများက ထုတ်လုပ် နိုင်ခဲ့ပြီ ဖြစ်သည်။
ကင်ဆာရောဂါ သို့မဟုတ်  ဗိုင်း ရပ်စ်ရှိ/ မရှိကို  စမ်းသပ် ဆေးရည် အရောင ပြောင်းလဲမှုဖြင့်  ဖော်ပြ သည်။ အဆိုပါ ပစ္စည်းသည် HIV နှင့် အခြားရောဂါများ ရှာဖွေစမ်း သပ်မှုတို့ အတွက် ရှေ့တန်း သို့  ရောက်ရှိ လာနိုင်သည်ဟု လန်ဒန် တော်ဝင် ကောလိပ်မှ တီထွင်သူ ပညာရှင်များက ပြောကြားသော် လည်း စမ်းသပ်မှု များ  ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွား ရန် လိုအပ် နေပါသည်။
စမ်းသပ်မှုအရ HIV ဗိုင်းရပ်စ် မျက်နှာပြင် ပေါ်ရှိ ပရိုတင်း ကဲ့သို့ သောပစ္စည်း သို့မဟုတ် ရောဂါ လက္ခဏာတို့ကို ခွဲခြား ဖော်ပြ နိုင်စွမ်း ရှိပါသည်။ ဗိုင်းရပ်စ် သို့မဟုတ် ရောဂါ ရှိပါက ဓာတု ဓာတ်ပြုမှု ဖြစ်ပေါ်ပြီး ဆေးရည် အရောင် ပြောင်းလဲပြီး အပြာရောင် ဖြစ်လာသည်။  ရောဂါ သို့မဟုတ် ဗိုင်းရပ်စ် မရှိပါက ဆေးရည် အရောင်မှာ အနီရောင် အဖြစ် ပြသ နေမည်ဖြစ်သည်။


မြ၀တီ

No comments:

Post a Comment