Pages

Wednesday, October 17, 2012

HIV ရောဂါပိုး ရှိ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် ကိရိယာ စတင်ရောင်းချ

အောက်တိုဘာ(၁၇)

Photo: HIV ရောဂါပိုး ရှိ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် ကိရိယာ စတင်ရောင်းချ  16 OCTOBER 2012    HIV ရောဂါပိုးရှိ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုး ရှိ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာအား အမေရိကန် အစား အစာနှင့် ဆေးဝါးထိန်း ချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိကန်နိုင်ငံ တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။ အဆိုပါ ကိရိယာ Ora Quick ဖြင့်သွားဖုံး အပေါ်နှင့် အောက်ဖက်သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ် ခွဲခန်း သွားစရာမလိုဘဲ လိင် ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်း သပ်ပါက Negative ဖြစ်နေတတ် သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်း သပ် ရရှိသော ရလဒ်အား ဓာတ်ခွဲ ခန်းများတွင် ပြန်လည် စိစစ်ရန် လို အပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။ ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံခဲ့ရာ ၇ဝ ရာခိုင်နှုန်း က အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIVရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးေ၇ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါ ပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေ ကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။ Ref:New York Times   မူရင်းသတင်း---- POPULAR NEWS Post By :  အေးချမ်းမွန်
 

HIV ရောဂါပိုးရှိ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုး ရှိ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာအား အမေရိကန် အစား အစာနှင့် ဆေးဝါးထိန်း ချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိကန်နိုင်ငံ တွင် စတင် ရောင်းချနေပြီ ဖြစ်သည်။
 
အဆိုပါ ကိရိယာ Ora Quick ဖြင့်သွားဖုံး အပေါ်နှင့် အောက်ဖက်သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ် ခွဲခန်း သွားစရာမလိုဘဲ လိင် ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင် သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်း သပ်ပါက Negative ဖြစ်နေတတ် သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်း သပ် ရရှိသော ရလဒ်အား ဓာတ်ခွဲ ခန်းများတွင် ပြန်လည် စိစစ်ရန် လို အပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။
 
ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ် လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံခဲ့ရာ ၇ဝ ရာခိုင်နှုန်း က အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIVရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် လူဦးေ၇ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါ ပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေ ကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။
 
Popular News

No comments:

Post a Comment