Pages

Wednesday, October 17, 2012

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

အောက်တိုဘာ(၁၇)


မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရသည်။အဆိုပါ ပါတီကူးပြောင်းပွဲအခမ်းအနားကို မကွေးမြို့နယ် ဒေါင်းနေကျေးရွာတွင်ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့ကြောင်း သိရသည်။

“မကွေးတိုင်းက NLD ပါတီဝင် တော်တော်များများ ကြံ့ခိုင်ရေးပါတီကို ကူးပြောင်းသွားကြပါတယ်။ ဒီပါတီကူးပြောင်းတဲ့အခမ်း အနားကိုလည်း လုပ်ပြီးသွားပါပြီ။ ပါတီကူးလာတဲ့သူတွေကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင်ကတ်တွေ ထုတ်ပေးပြီးသွားပါပြီ။ ဒီအ ခမ်းအနားကို မကွေးတိုင်းဝန်ကြီးချုပ်က ဧည့် သည်အနေနဲ့ လာတက်ခဲ့ပါတယ်”ပာု ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတစ်ဦး က ပြော ကြားသည်။ 

ယခုကဲ့သို့ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ကူးပြောင်းသွားရခြင်းမှာ NLD ဗပိာု၏ ဆက်ဆံမှုများနှင့် NLD ကျေး ရွာ အုပ်စုရုံး ပြောင်းရွှေ့ဖွင့်လှစ်ခြင်းအပေါ် မကျေနပ်မှုများကြောင့်ဖြစ်ကြောင်း ပါတီကူးပြောင်းခဲ့သူတစ်ဦးက ပြောကြားသည်။ 
လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီတွင်း ဒီမိုကရေစီပျောက်ဆုံးမှုများအ တွက် နေရာဒေသ အတော်များများတွင် ပါတီဝင်များမှ ဆန္ဒထုတ်ဖော်မှုများ၊ ပါတီကူးပြောင်းမှုများကို ပြုလုပ်ခဲ့ပြီး ဗပာိုကော်မတီအနေဖြင့်လည်း ယင်းကိစ္စရပ်များအပေါ် ထိထိရောက်ရောက် ကိုင် တွယ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မြတ်လေးငုံ

No comments:

Post a Comment