Pages

Wednesday, November 28, 2012

မိုင်းဆတ်မြို့နယ်တွင် ဈေးသစ်ကြီးဖွင့်လှစ်

နိုဝင်ဘာ(၂၈)

နားယောင်းရွာ ဈေးသစ်ဖွင့်ပွဲနေ့ဓာတ်ပုံ


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ နားယောင်းရွာတွင် ဈေးသစ်ဖွင့်ပွဲကို နိုဝင်ဘာလ (၁၅) ရက်နေ့ကနေပြီး (၂၆) ရက်နေ့အထိ ခမ်းနားစွာ ကျင်းပဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဈေးဖွင့်ပွဲတွင် ဘင်ခရာအဖွဲ့မှတီးခတ်နေပုံ

နားယောင်းကျေးရွာဟာ နယ်စပ်မြို့နီးနီးစည်ကားနေပြီး UWSA " ၀ " အဖွဲ့ရဲ့ နယ်မြေတစ်ခု လည်းဖြစ်ပါ တယ်။ ထိုင်း-မြန်မာ နယ်စပ်အနီးမှာတည်ရှိပြီး မိုင်းဆတ်မြို့နယ်ထဲမှာ ပါဝင်ပါတယ်။ ဈေးကြီး ဖွင့်ပွဲမှာ မြန်မာပြည်မှ နာမည်ကြီးအဆိုတော် (၁၀)ဦးခန့် သီဆိုဖြေဖျော်ပေးခဲ့ပြီး ပျော်ပွဲရွှင်ပွဲတွေလည်း အများအပြားပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဈေးအသစ်ကြီးမှာ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းများ၊ အ၀တ် အထည်နဲ့ အခြားပစ္စည်းမျိုးစုံကို စုံစုံလင်လင်ရရှိနိုင်ပြီး ဈေးနှုန်းကိုလည်း တာဝန်ခံအဖွဲ့အစည်းတွေက သတ်မှတ်ပေးထားတယ်လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

 အဆိုတော်ဘိုဖြူမှ သီဆိုဖြေဖျော်ပေးခဲ့ပုံ

ဈေးသစ်ဖွင့်ပွဲကို မိုင်းဆတ်မြို့က စစ်ဘက် အရာရှိတွေ၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူးနှင့် ဌာနဆိုင်ရာများ၊ " ၀ " တပ်ဖွဲ့အကြီးအကဲများ၊ RCSS/SSA မှအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး လိုအပ်တဲ့ အချက်တွေကို တာဝန်ရှိသူများမှ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

 ဖွင့်ပွဲကိုတက်ရောက်လာကြသော ဋ္ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများ
အဆိုပါဈေးသစ်ပွဲပြီးတဲ့ နောက်နေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ကို ဈေးနေ့အဖြစ်သတ်မှတ်ပြီးတော့ (၅) ရက်တစ်ခါဈေးပြုလုပ်သွားမှာဖြစ်ကြောင်း " ၀ " တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့တယ်လို့ အဆိုပါ ဒေသခံတစ်ဦးက ဆိုပါတယ်။


No comments:

Post a Comment