Pages

Wednesday, November 28, 2012

တောင်ကြီးမြို့တွင် KBZ ၏ ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ ညစာစားပွဲပြုလုပ်ကျင်းပမည်

နိုဝင်ဘာ(၂၈)

နေပြည်တော်မှ (KBZ Bank)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာဂေါက်ကွင်းတွင် ကမ္ဘောဇ (KBZ) ၏ လုပ်ငန်း များ အောင်မြင် စွာလုပ်ကိုင်နိုင်သည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့ကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 AIR KBZ လေကြောင်းလိုင်း၏ ATR 72-500 လေယာဉ်သစ် (၄)စီးနဲ့ ATR 72-600 လေယာဉ်သစ် (၂)စီး စုစုပေါင်း (၆)စီး ၀ယ်ယူပြီး ခရီးစဉ်သစ်များ တိုးချဲ့ပျံသန်းပြေးဆွဲခြင်း၊ ကမ္ဘောဇဘဏ်လီမိတက်၏ (KBZ Bank) ဘဏ်ခွဲ (၈၈)ခုမြောက်အထိ အောင်မြင်စွာဖွင့်လှစ်ပြီးစီးခြင်း၊အပြည်ပြည် ဆိုင်ရာ  မြန်မာ့လေ  ကြောင်း (MAI) ၏ Airbus A-320 လေယာဉ် (၈)စီးဖြင့်ခရီးစဉ် သစ်များတိုးချဲ့ပျံ သန်းပြေးဆွဲခြင်း အထိမ်း အမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဆုပေးပွဲနဲ့ ညစာစားပွဲအခမ်းအနား ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 AIR KBZ လေကြောင်းလိုင်း
အဲဒီအခမ်းအနားမှာ မီးပုံးပျံ ညမီးကြီး (၂) လုံး၊ စိန်နားပန်း (၁) လုံးတို့ကို လွှတ်တင်ပေးသွား မှာ ဖြစ်ပြီးတော့ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ နိုင်ငံကျော် Iron Cross Music Band အဖွဲ့နဲ့ တင်ဆက် ဖျော်ဖြေပေးသွားမှာဖြစ်တယ်လို့ ကမ္ဘောဇဘဏ်လီမိတက်မှ ၀န်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။ အဲဒီပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့တွေ၊ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေ၊ စီပွားရေးလုပ်ငန်းရှင် တွေနဲ့ အခြားဖိတ်ကြားထားတဲ့ ဧည့်သည် တော်တော်များများတက်ရောက်ကြမယ်လို့ သိရပါတယ်။

No comments:

Post a Comment