Pages

Thursday, November 8, 2012

တရားရေးကိစ္စကိုင်တွယ်မှုသည် စိုးမိုးသည်ဟုမြင်ပါက ထပ်မံစိုးမိုးသွားမည်ဟု သူရဦးအောင်ကိုပြောကြား

" တရားရေးကိစ္စကိုင်တွယ်မှုသည် စိုးမိုးသည်ဟုမြင်ပါက ထပ်မံစိုးမိုးသွားမည်ဟု သူရဦးအောင်ကိုပြောကြား"

တရားရေးမဏ္ဍိုင်တည့်မတ်လာစေရန် လွှတ်တော်မှ တရားလွှတ်တော်သို့ ပြောဆိုညှိနိုင်းမှုများသည် စိုးမိုးသည်ဟုထင်ပါက ထပ်မံစိုးမိုးသွားမည်ဖြစ်ကြောင်း ပြည်သူ့
လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပေါ်ပြူလာနယူးစ်သို့ပြောကြားသည်။
" တရားလွှတ်တော်ကို လွှတ်တော်က စိုးမိုးတယ်လို့ပြောသံကြားတယ်။အဲလိုထင်ရင်လည်းကျနော်တို့ အနေနဲ့ ဆက်ပြီးလုပ်သွားရမှာပဲ၊ဒီအစိုးရ သက်တမ်းမှာ
တရားရေးမဏ္ဍိုင် မှန်ကန်ပြီး အားကောင်းလာအောင် လုပ်ကိုလုပ်ရမှာပဲ၊နောက်ရွေးကောက်ပွဲ ပြီးတဲ့ လွှတ်တော်မှာကျနော်တို့ ပြန်ပါလာဖို့လဲ မသေချာသလို
ပြန်အရွေးချယ်ခံရရင်တောင် ဒီကော်မတီမှာ ပြန်တာဝန်ထမ်းဆောင် ရဖို့လည်း ပြောလို့မရပါဘူး၊ဒါကြောင့် စိုးမိုးတယ်ထင်ရင်လည်း ထပ်စိုးမိုးသွားရမှာပဲ" ဟု 
၎င်းကပြောသည်။
	 အဆိုပါ ကော်မတီသည်  လွှတ်တော်အတွင်း၌ ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဌ အဖြစ်တာဝန်ယူထားသော တရားဥပဒေစိုး
မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် ပူးပေါင်း၍ တရားရေး မဏ္ဍိုင်ကိစ္စများကို ဆောင်ရွက်နေကြောင်းသိရသည်။လက်ရှိတွင် ယင်းကော်မတီ နှစ်ခု၏
လုပ်ဆောင်ချက်များသည် တရားရေးလွှတ်တော်သို့  စိုးမိုးမှုများရှိလာကြောင်း တရားလွှတ်တော်မှ ပြောဆိုနေကြောင်း သိရသည်။
	" တရားရေးအတွက် ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်နေကြလဲဆိုတာ သိဖို့လိုတယ်။ပြည်သူ့မျက်နှာကိုကြည့် ပြီးလုပ်ကိုလုပ်ရမှာပါ" ဟု
သူရဦအောင်ကို လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်တွင် ပြောကြားခဲ့ သည်။ah( ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်တွေ့ရသော တရားရေးကော်မတီ ဥက္ကဌ နှစ်ဦး)
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်တွေ့ရသော 
တရားရေးကော်မတီ ဥက္ကဌ နှစ်ဦး
တရားရေးမဏ္ဍိုင်တည့်မတ်လာစေရန် လွှတ်တော်မှ တရားလွှတ်တော် သို့ ပြောဆိုညှိနိုင်းမှုများသည် စိုးမိုးသည်ဟုထင်ပါက ထပ်မံစိုးမိုး သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ သူရဦးအောင်ကိုက ပေါ်ပြူလာ နယူးစ်သို့ပြောကြားသည်။ " တရားလွှတ်တော်ကို လွှတ်တော်က စိုးမိုးတယ်လို့ပြောသံကြား တယ်။အဲလိုထင်ရင်လည်းကျနော်တို့ အနေနဲ့ ဆက်ပြီးလုပ်သွားရမှာပဲ၊ ဒီအစိုးရ သက်တမ်းမှာတရားရေးမဏ္ဍိုင် မှန်ကန်ပြီး အားကောင်း လာအောင် လုပ်ကို လုပ်ရမှာပဲ၊နောက်ရွေးကောက်ပွဲ ပြီးတဲ့ လွှတ်တော်မှာကျနော်တို့ ပြန်ပါလာဖို့လဲ မသေချာသလိုပြန်အရွေးချယ်ခံရရင်တောင် ဒီကော်မတီမှာ ပြန်တာဝန်ထမ်းဆောင် ရဖို့လည်း ပြောလို့ မရပါဘူး၊ဒါကြောင့် စိုးမိုးတယ်ထင်ရင်လည်း ထပ်စိုးမိုးသွားရမှာပဲ" ဟု၎င်းကပြောသည်။
အဆိုပါ ကော်မတီသည် လွှတ်တော်အတွင်း၌ ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဌ အဖြစ်တာဝန်ယူထားသော တရားဥပဒေစိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် ပူးပေါင်း၍ တရားရေး မဏ္ဍိုင်ကိစ္စများ ကို ဆောင်ရွက်နေကြောင်းသိရသည်။လက်ရှိတွင် ယင်းကော်မတီ နှစ်ခု၏ လုပ်ဆောင်ချက်များသည် တရားရေးလွှတ်တော်သို့ စိုးမိုးမှုများရှိလာကြောင်း တရားလွှတ်တော်မှ ပြောဆိုနေကြောင်း သိရသည်။
" တရားရေးအတွက် ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်နေကြလဲဆိုတာ သိဖို့လိုတယ်။ပြည်သူ့ မျက်နှာကိုကြည့် ပြီးလုပ်ကိုလုပ်ရမှာပါ" ဟု သူရဦအောင်ကို လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန် တွင် ပြောကြားခဲ့ သည်။
  

From-
Popular Myanmar News Journal

No comments:

Post a Comment