Pages

Thursday, November 8, 2012

ယခုလအတွင်း မြန်မာနိုင်ငံသို့ အိုဘားမားလာရောက်မည်ဟု သတင်းထွက်

ဒုတိယသမ္မတသက်တမ်း လေးနှစ်ဆက်လက်တာဝန်ထမ်းဆောင်ရန် အမေရိကန်ရွေးကောက်ပွဲ တွင် ရွေးကောက် တင်မြှောက်ခံလိုက်ရသော လက်ရှိသမ္မတ ဘားရက်အိုဘားမားသည် ယခု နိုဝင်ဘာလကုန်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ရန်ရှိကြောင်း အစိုးရအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို AFP သတင်းဌာနက ကိုးကားရေးသားဖော်ပြသည်။
"လာမယ့်နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ အိုဘားမားက ခရီးစဉ်အတွင်း သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိကြီးက ပြောကြားသည်။ သို့သော် လုံခြုံရေးကိစ္စရပ်များကြောင့် အိုဘားမား၏ ခရီးစဉ်အသေးစိတ်ကို ၎င်းကထုတ်ဖော်ပြောဆိုမှုမပြုပေ။ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့သွားရောက်ပြီး ဝန်ကြီးချုပ်ရင်းလတ်ရှင်နာဝပ်နှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း The Nation သတင်းစာကရေးသားဖော်ပြသည်။ ထို့ပြင် ယင်းခရီးစဉ်သည် အိုဘားမားအတွက် အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ယခုလတွင်းကျင်းပပြုလုပ်မည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အဆင့်မြင့်ဆွေးနွေးပွဲများသို့လည်း တက်ရောက်မည်ဖြစ်သည်။ သို့သော် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော်က အတည်ပြုချက်တစ်စုံတရာ မပြုလုပ်သေးပေ။


မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးမှာ ယခင်တပ်မတော်အစိုးရလက်ထက်က အေးတိအေးစက်ဖြ စ် ခဲ့သော်လည်း ယမန်နှစ် မတ်လ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့စတင်ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲရေး များပြုလုပ် လာသည့်အချိန်မှစ၍ တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာသည်။
 
From- The Voice Weekly

No comments:

Post a Comment