Pages

Tuesday, November 13, 2012

ရှမ်းညီလာခံသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဖွင့်လှစ်မည်



ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် သျှမ်းညီလာခံအား ဒု-သမ္မတကြီး ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင် ဖွင့်လှစ် ပေးမည်ဟု ရန်ကုန်သတင်းရပ်ကွက်က ဆိုသည်။ ရှမ်း ညီလာခံကို ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ ကျင်းပမည်ဖြစ်ပြီး “အစီအစဉ် အကြမ်း ဖျဉ်းဆွဲ ထားပြီးပြီ။ ၃ ရက်စာအတွက်ပေါ့နော်။ ဘယ်နေ့မှာ ဘယ်သူတွေ ဘာအကြောင်း ပြောမယ် စတာ တွေပေါ့ ” ဟု ညီလာခံဖြစ်မြောက်ရေး တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောသည်။ Trust Building for Peace အမည်ရ သျှမ်းညီလာခံအား ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပရန်စီစဉ်ထားကြောင်း၊ ဖွင့်ပွဲကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင်တက်ရောက် မည်ဖြစ်ကြောင်း၊ ရပ်နီးရပ်ဝေးမှ အမျိုးသားရေးလှုပ်ရှားသူ ပုဂ္ဂိုလ်များနှင့် သျှမ်းပြည်တွင်း ၂၂ မြို့နယ်မှ ရပ်မိရပ်ဖ များအား ဖိတ်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 
        
   ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန်နှင့် ယင်းညီလာခံအား သျှမ်းလူမှုရေး လှုပ်ရှားမှုအဖွဲ့ CSO (civil society organization )က  ကမကထပြု ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ “ဒေါက်တာစိုင်းခမ်းလိတ်၊ ဆရာစိုင်းအောင်ထွန်း၊ စဝ်ယဉ်ယဉ်နွယ် အစရှိပုဂ္ဂိုလ်ကြီးတွေ စကားပြောမယ်။ နောက်ပြီး SNLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင်က ယုံကြည်မှု တည်ဆောက်ခြင်း အကြောင်း၊ ဒေါက်တာစိုင်းဖေ က ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စတာတွေ မိန့်ခွန်းပြောသွားမယ်။ ဝါရင့်နိုင်ငံရေးလှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေကနေ ငြိမ်းချမ်းရေးလမ်းစဉ်တွေ ပြော သွားမယ်။ လူ ၁၅၀ ခန့် ဖိတ်ထားတယ်” ဟု အဆိုပါ တာဝန်ရှိသူကဆိုပါသည်။
          ညီလာခံ ဒုတိယရက်တွင် ပညာရှင်များဖြစ်သည့် ဆရာမနန်းဟွမ်လိတ်မှ စကားပြောခြင်း အစီအစဉ်ရှိပြီး မူးယစ် ဆေးဝါးပြဿနာ၊ လက်နက်ကိုင်အဖွဲ့များကိစ္စနှင့် နိုင်ငံရေးပါတီများကိစ္စ၊ တောင့်တင်းခိုင်မာသောလူမှု အဖွဲ့အစည်း များအဖြစ်ရပ်တည်နိုင်ရေးကိစ္စ၊ ရင်းနှီးမြုပ်နှံမှုများ အကြောင်း အစရှိသဖြင့်ဆွေးနွေးကြ မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment