Pages

Monday, November 12, 2012

မိုင်းငေါ့မြို့နယ်တွင် SSA၀မ်ဟိုင်းသောင်းကျန်သူအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်



၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၃နာရီလောက်က မိုင်းငေါ့မြို့ အတွင်းသို့ SSA ၀မ်ဟိုင်း အဖွဲ့မှ လက်နက်ကြီးနဲ့ ပစ်ခတ်သွားခဲ့ပါသည်။ လက်နက်ကြီး ၄လုံးနဲ့ ပစ်ခတ်သွားခဲ့ပြီး ၃သုံး ပေါက်ကွဲပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခြင်း မရှိခဲ့ပေ။ မိုင်းငေါ့ အုပ်ချုပ်ရေးမှူး မှ စစ်တပ်ကို ဖုန်းဖြင့်ပြောပြပြီး စစ်တပ်မှ လာရောက်စစ်ဆေးပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးအား လူတွေနဲ့ဝေးတဲ့ ရပ်ကွက် အပြင်ဘက်မှာ သွားပြီး မြှုပ်နှံခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့တဲ့သူတွေက ပြောပါတယ်။

          သောင်းကျန်းသူများ ပစ်ခတ်မှုကြောင့် လူတွေနဲ့ အဆောက်အဦးတွေ ထိခိုက်မှုမရှိခဲ့ပါဘူး။ အစိုးရတပ် တွေရဲ့ပြောပြချက်အရ ၄၀မမ လောင်ချာနဲ့ပစ်ခတ်သွားကြောင်း တာလုံရပ်ကွက်မှာလူတွေက ပြောကြပါတယ်။ SSA ၀မ်ဟိုင်းအဖွဲ့က မိုင်းငေါ့မြို့အနီးအနားတွင် လူသစ်စုဆောင်းခြင်း ဆက်ကြေးကောက်ခံခြင်း များကို အရင်တုန်းက ပြုလုပ်ကြသော်လည်း ယခုမှ မိုင်းငေါ့ -နမ့်ဆန်ကားလမ်းတွေမှာ အစိုးရတပ်တွေက လုံခြုံရေးကိုအပြည့်အ၀ ယူထားပြီး SSA ၀မ်ဟိုင်းအဖွဲ့ဟာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အတွက် ဆက်ကြေးမပေးတာပေါ့။ဒါကြောင့်  ဆက်ကြေးမပေးလို့ သတိပေးတဲ့သဘောမျိုးနဲ့ ရပ်ကွက်ထဲကို ပစ်တာ ဖြစ်နိုင်တယ်လို့ ရပ်ကွက်က လူတစ်ချို့ကပြောဆိုကြပါတယ်။
          SSA ၀မ်ဟိုင်းအဖွဲ့သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေသောအဖွဲ့များထဲက အဖွဲ့ တစ်ဖွဲ့ပါဘဲ။ အစိုးရက ငြိမ်းချမ်းရေးကို ဖော်ဆောင်နေပေမဲ့ SSA ၀မ်ဟိုင်းအဖွဲ့မှာ အရင်တုန်းကအတိုင်း ဆက်ကြေးကောက်တာ ပစ်ခတ်တာမျိုးကိုလုပ်တော့ ငြိမ်းချမ်းရေးပျက်ပြားသွားမှာကို လူတွေစိုးရိမ် နေကြပါတယ်။ အစိုးရတပ်တွေနဲ့ ရပ်ကွက်ထဲမှာ ပြည်သူစစ်တွေက အဲဒီအဖွဲ့ကို လိုက်လံရှင်းလင်းနေတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရှမ်းသတင်းဌာန ကိုဖုန်းဖြင့်ပေးပို့ခဲ့ပါသည်။

No comments:

Post a Comment