Pages

Sunday, November 25, 2012

ပင်လောင်းမြို့နယ်တွင် ဘိန်းစိမ်းများဖမ်းဆီးရမိ


နိုဝင်ဘာ(၂၅)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာတွင် နိုဝင်ဘာလ(၂၁)ရက်နေ့ မနက်ပိုင်းက ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ပါတယ်။

တောင်ကြီးမူးယစ်(အထူး)အဖွဲ့တွေနဲ့ ပင်လောင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာမှ ခွန်အောင်ဋ္ဌေး၏ အိမ်အတွင်း တီဗွီ ကတ်ထူပုံးထဲတွင် ဘိန်းစိမ်းများထည့်ထားသည့် ပလက်စတစ်ဗူး(၄)ဗူး၊ အလေး ချိန် (၃.၂)ကီလိုဂရမ်ခန့် ကာလ တန်ဖိုးအားဖြင့် သိန်း(၂၀)ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။



No comments:

Post a Comment