Pages

Saturday, November 24, 2012

မီးပုံးပျံလွှတ်ပွဲတော်နှင့် မီးဘေးအန္တရာယ်

နိုဝင်ဘာ(၂၄)

ပင်မှာလည်း တောတောင်၊ လျှိုမြောင် တို့ သည် စိမ်းလန်းစိုပြည်၍ သစ်ပင်ပန်းမန်တို့မှာ ဖူးပွင့်ဝေဆာလျက်ရှိသည်။

မြန်မာ(၁၂) လရာသီတွင် တန်ဆောင်မုန်း လသည်အပူ၊ အအေး သမမျှတသော လတစ်လဖြစ်သည်။ မိုး ရာသီကုန်ဆုံး၍ ဆောင်းရာသီသို့ ကူးပြောင်းစ ကာလဖြစ်သည့် အတွက် ရာသီဥတုမှာ မပူလွန်း၊ မအေး လွန်းသော ကာလတစ် ခုဖြစ်သည်။ အထက်အာကာတစ်ခွင်မှာ လည်း မိုးသားတိမ် လိပ်တို့ကင်းစင် ကြည်လင်ဝင်းပကာ ညချမ်းချိန်ခါဆိုလျှင် ကြယ်တာရာအပေါင်းတို့ထွန်းလင်းတောက် ပကာ အေးမြ ကြည်လင် နေသည်။



ဤသို့သောသာယာလှပ အေးချမ်းလှသည့် တန်ဆောင်မုန်းလသို့ရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ ဝင်တို့ က ရဟန်းသံဃာတို့အား ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်း၊ ဘိုးဘွား၊ မိဘ၊ ဆရာ သမားနှင့် သက်ကြီးရွယ်အိုများအား ပူဇော်ကန်တော့ခြင်း စသည့် ကုသိုလ်ကောင်း မှုများပြုကြသလို တန်ဆောင် တိုင် ပျော်ပွဲရွှင်ပွဲနှင့် မီးရှူးမီးပန်း မီးပုံးပျံများ လွှတ်တင်ခြင်း စသောအခမ်းအနားများကို စည် ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိ သည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့ မီး ပုံးပျံလွှတ်ပွဲသည် အထူး စည်ကားကျော် ကြားလှသည်။

ထိုသို့ မီးပုံးပျံလွှတ်တင်ရာတွင် လွှတ်တင်မည့် မီးပုံးပျံသည် စနစ်တကျ သတ်မှတ်ချက်အတိုင်း ပြုလုပ် လွှတ်တင် ရန် အလွန်အရေးကြီးလှသည်။ယင်းသို့မဟုတ်ဘဲ ပြီးစလွယ်လုပ်ပြီး လွှတ်တင်လိုက်သော မီးပုံး ပျံတစ်လုံးသည်မီးစာမကုန်ခန်းမီလူနေအိမ်ခြေ၊တိုက်တာအဆောက်အအုံပေါ်သို့ ပြုတ်ကျ ပါက မမျှော် လင့်သော မီးလောင်မှု ဖြစ်ပွားနိုင်သည်ကိုသတိပြုသင့်သည်။

စာရေးသူကိုယ်တွေ့ပင်ဖြစ်သည်။ မနှစ်က တန်ဆောင်မုန်းလပြည့်နေ့ ည ၇ နာရီခန့်တွင်ဖြစ်သည်။ အနောက် တောင်အရပ်မှ ပျံတက်လာသော မီးပုံးပျံ တစ်လုံးသည် စာရေးသူတို့ နေအိမ်နှင့် မျက်နှာချင်း ဆိုင် နှစ်ထပ်တိုက်ခေါင်မိုး ပေါ်သို့ ပေ၁ဝဝအထက်မှ ရုတ်တရက်ပြုတ်ကျကာရေနံဆီမီးစာ မှာ တရှဲရှဲတောက်လောင်နေသည်။

အမိုးမှာသွပ်ပြား ဖြစ်သော်လည်း မလိုလားအပ်သည့် မီးလောင်မှု မဖြစ်ပွား စေရန်အတွက်မီးငြှိမ်းသတ်ရန်ကြိုးစားကြရသည်။ နှစ်ထပ်တိုက်ဖြစ်သည့် အတွက် လှေကားမမီခြင်း၊ မီးချိတ် များ ဆက်၍ ဆွဲချရန် ကြိုးစားသော်လည်း မရခြင်းတို့ကြောင့် မျက်နှာကြက်ကို ဖောက်၍ သွပ်ပြားအမိုးခွာတက်ရန်ကြိုးစားနေ စဉ်နာရီဝက်ခန့်အကြာတောက်လောင်နေသော မီးစာမှာ အားပျော့၍ ငြိမ်းသွားသည်။ ထိုအခါ  ကျမှ စာရေး သူတို့သက်ပြင်းချနိုင် တော့သည်။

ထိုသို့ သွပ်မိုးမဟုတ်သော သက်ငယ်မိုး၊ ဖက်မိုးနှင့် အခြားမီး လောင်လွယ်သော အဆောက်အအုံ ပေါ်သို့ ကျရောက်မည်ဆိုပါက မီး လောင်မှုအန္တရာယ်သည် မည်မျှ ကြီးမား၍ မည်မျှဆုံးရှုံးထိခိုက်နစ်နာ မည်ကို မှန်းဆ၍ ရနိုင်မည်မထင်။

ထို့ကြောင့် မီးပုံးပျံလွှတ်တင်ရာတွင် နားလည်တတ်ကျွမ်းသောသူများက စနစ်တကျပြုလုပ်၍ လွှတ်တင် သင့် သည်။ ထိုသို့မဟုတ်ပါဘဲ ပြီးစလွယ်၊ ဖြစ်ကတတ်ဆန်းပြုလုပ်၍ မီးပုံးပျံကို လွှတ်တင်မည်ဆိုပါက မိမိ၏ ပေါ့ဆမှု၊ မိမိ၏ အလေးအနက်မထားမှုကြောင့် မမျှော်လင့်သော မီးလောင်မှု၊ မီးဘေး အန္တရာယ်နှင့် ကြုံတွေ့နိုင်ပြီး ဆုံးရှုံး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သည်ကို သတိပြုဆင်ခြင်သင့်ကြောင်း ရေးသား တင်ပြအပ်ပါသည်။
 
မြ၀တီ

No comments:

Post a Comment