Pages

Thursday, November 8, 2012

ကမ္ဘာအမြင့်ဆုံး ဟိုတယ် မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ဖွင့်တော့မည်

ကမ္ဘာအမြင့်ဆုံး ဟိုတယ် မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ဖွင့်တော့မည်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင်ဆောက်လုပ်လျက် ရှိသော အထပ်ပေါင်း ၁ဝ၅ ထပ်ပါ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အား လာမည့် ၂ဝ၁၃ ခုနှစ် တွင် ဖွင့်လှစ်တော့ မည်ဟု သိရသည်။ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် ပိရမစ်ပုံစံ Ryugyong ဟိုတယ်အား မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski  AG ကဆောက်လုပ်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဟု ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရီတိုဝှစ်တ်ဝါက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင် နိုဝင်ဘာ ၁ ရက်ကပြောသည်။ Kempinski  AG သည် မြောက်ကိုရီးယားနိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းပထမဆုံး စတင် လုပ်ကိုင်သည့် အနောက်နိုင်ငံ ကုမ္ပဏီ တစ်ခု ဖြစ်လာတော့မည်ဟု ၄င်းက ပြောသည်။

'ဒီပိရမစ်ပုံစံ ဟိုတယ်ဟာမြို့ထဲက စီးပွားရေး လုပ်ငန်းအားလုံး ကိုစုစည်းစေနိုင်မှာပါ''ဟု ၄င်းက ဆိုသည်။ ထို့ပြင် မြောက်ကိုရီးယား နိုင်ငံသာ လွတ်လပ်ပွင့်လင်း လာပါ က ထိုလုပ်ငန်းသည် ဝင်ငွေ အမြောက်အမြား ရနိုင်သောလုပ်ငန်းဖြစ်၍ ထပ်မံတိုးချဲ့မှု ပြုလုပ်သွားမည်ဟု သိရသည်။  ဝှစ်တ်ဝါက ဤဟိုတယ် ဆောက်လုပ်ခွင့် ရရန် အတွက် လွန် ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ အကြံပေးဖြစ်သူ Ri Chol အားချဉ်းကပ်ခဲ့ရသည်။ Ri Cholသည် မြောက် ကိုရီးယား၏ ကုလသံတမန် အဖြစ်တာဝန်ထမ်း ဆောင်ခဲ့စဉ်ကတည်း က နိုင်ငံတွင်းဟိုတယ် လုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိရာ ယခုကဲ့သို့ အဆင်ပြေ ခဲ့ခြင်းဟု ၄င်းက ဆိုသည်။


PN-055 
Ref:  Bangkok Postမြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင်ဆောက်လုပ်လျက် ရှိသော အထပ်ပေါင်း ၁ဝ၅ ထပ်ပါ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အား လာမည့် ၂ဝ၁၃ ခုနှစ် တွင် ဖွင့်လှစ်တော့ မည် ဟု သိရသည်။ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် ပိရမစ်ပုံစံ Ryugyong ဟိုတယ်အား မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski AG ကဆောက်လုပ်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဟု ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရီတိုဝှစ်တ်ဝါက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင် နိုဝင်ဘာ ၁ ရက်ကပြောသည်။ Kempinski AG သည် မြောက်ကိုရီးယားနိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းပထမဆုံး စတင် လုပ်ကိုင်သည့် အနောက်နိုင်ငံ ကုမ္ပဏီ တစ်ခု ဖြစ်လာတော့မည်ဟု ၄င်းက ပြောသည်။

'ဒီပိရမစ်ပုံစံ ဟိုတယ်ဟာမြို့ထဲက စီးပွားရေး လုပ်ငန်းအားလုံး ကိုစုစည်းစေနိုင်မှာပါ''ဟု ၄င်းက ဆိုသည်။ ထို့ပြင် မြောက်ကိုရီးယား နိုင်ငံသာ လွတ်လပ်ပွင့်လင်း လာပါ က ထိုလုပ်ငန်းသည် ဝင်ငွေ အမြောက်အမြား ရနိုင်သောလုပ်ငန်းဖြစ်၍ ထပ်မံတိုးချဲ့မှု ပြုလုပ်သွားမည်ဟု သိရသည်။ ဝှစ်တ်ဝါက ဤဟိုတယ် ဆောက်လုပ်ခွင့် ရရန် အတွက် လွန် ခဲ့သည့် ဆယ်နှစ်ခန့်ကတည်း က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ အကြံပေးဖြစ်သူ Ri Chol အားချဉ်းကပ်ခဲ့ရသည်။ Ri Cholသည် မြောက် ကိုရီးယား၏ ကုလသံတမန် အဖြစ်တာဝန်ထမ်း ဆောင်ခဲ့စဉ်ကတည်း က နိုင်ငံတွင်းဟိုတယ် လုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိရာ ယခုကဲ့သို့ အဆင်ပြေ ခဲ့ခြင်းဟု ၄င်းက ဆိုသည်။

From- Popular Myanmar News Journal

No comments:

Post a Comment