Pages

Tuesday, November 27, 2012

တောင်ကြီးကထိန် ပဒေသာပင် တထောင်ကျော် ပါဝင်

နိုဝင်ဘာ(၂၇)

ဒီမနက် ၇း၀၀ နာရီက  စတင်ပြီး တောင်ကြီးမြို့ပေါ်ရပ်ကွက် အသီးသီး၊ တိုင်းရင်းသားပေါင်းစုံ၊ ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတို့ရဲ့  ပဒေသာပင် ၁,၀၀၀ ကျော်ခန့်   စီတန်း လှည့်လည်ကြပါတယ်။

ပဒေသာပင်မျိုးစုံ လှည့်လည်ရာမှာ         အိုးစည်ဗုံမောင်း၊ ရိုးရာ သံချပ်၊ ဒေသခံ တိုင်းရင်းသားတို့ရဲ့ အကအလှများ ပါဝင်ပါတယ်။ ပဒေသာပင်များကို  မြို့လယ် ဓမ္မာရုံမှာ   ထားရှိတာပါ။  ဓမ္မာရုံကနေ မဲစနစ်နဲ့  တောင်ကြီးမြို့ပေါ် ရှိ ဘုန်းကြီးကျောင်း များကို ပေးပို့ လှူဒါန်းကြမှာပါလို့  ဒေသခံ ကထိန်အဖွဲ့များက ပြောပါတယ်။


 တောင်ကြီးမြို့ရဲ့ ၆၅ ကြိမ်မြောက် မြို့လုံးကျွတ် ကထိန်ပွဲကို အနယ်နယ် အရပ်ရပ် မှဘုရားဖူးကားများ၊ နိုင်ငံခြား သားဧည့်သည် များကပါ စိတ်ဝင်တစား လေ့လာ မှတ်တမ်းယူကြပါတယ်။

ထူးခြားချက်ကတော့  NLD ရဲ့ ပဒေသာပင်ကို တွေ့ရတာပါပဲ။ ခါတိုင်းနှစ်များမှာတော့ ဒီလို အနေအထား မရှိခဲ့ပါ။



ပဒေသာပင် အဖွဲ့ တဖွဲ့က ပြုလုပ် လှူဒါန်းထားတဲ့  ငြိမ်းချမ်းရေး ချိုးဖြူပုံ ပုံဖော်ထားတဲ့ ပဒေသာပင်ကိုလည်း တွေ့ကြရပါတယ်။

ရိုက်ကူးထားတဲ့ပုံများထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်

    



















ဧရာဝတီဘလော့

No comments:

Post a Comment