Pages

Tuesday, November 27, 2012

မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရောင်းချသည့်အပြင် KIA ကိုလက်နက်ရောင်းနေသော “ ၀ ” တပ်ဖွဲ့

နိုဝင်ဘာ(၂၇)

“၀” တပ်ဖွဲ့ပိုင် တိုက်ခိုက်ရေးယာဉ်များ
 

၁၉၈၉ ခုနှစ်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းက ကိုးကန့် နဲ့ “၀” တပ်ဖွဲ့တွေဟာ ဗကပကို တော်လှန် ပြီးတော့ သီးခြားကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို အကြီးအကျယ်လုပ်ဆောင်လာ ပါတယ်။ အဲဒီနောက်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေစဉ်ကာလအတွင်း အစိုးရနဲ့ အပစ်အခတ်ရပ်ဆဲကာ  ငြိမ်း ချမ်းရေး ရယူပြီး အခြားစီးပွားရေးလုပ်ငန်းတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချလို့ရ တဲ့  ငွေကြေး  တွေကို အလုံး အရင်း ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခဲ့ပါတယ်။ “၀”တပ်ဖွဲ့တွေဟာ မြန်မာပြည်မှာ မူးယစ်ဆေးဝါးနဲ့ အသက်ရှင်နေတဲ့ ထိပ်ဆုံးကအဖွဲ့ဖြစ်ပြီး ဘိန်းဖြူအပြင် “အက်ဖီတမင်း”(Amphetamine) တွေကိုလည်း အကြီးအကျယ်ထုတ်လုပ်နေပါတယ်။ ဒါကလည်း သူတို့ရဲ့ အဓိက စီးပွားရေး လုပ်ငန်းပါ။
“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဘိန်းခင်းများပုံ
 
၂၀၀၈ ခုနှစ်မှာတော့ “၀” ဒေသအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်လာပြီးတော့ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်းမြို့တွေပါဝင်တဲ့ ခရိုင် (၂) ခုခွဲပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဆိုပြီး အစိုးရကသတ်မှတ်ပေးခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့“၀”ပြည်သွေးစည်းရေးပါတီရဲ့ “၀”တပ်မတော် UWSA ဟာ တပ်မဟာ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း နယ်မှာ တပ်မဟာ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း နယ်တွင် တပ်မဟာ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိပါတယ်။ စစ်သည်တင် မော်တော် ယာဉ် အစီး ရာကျော်၊ သံချပ်ကာ ကားများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင်ဆိုင်ထားပါတယ်။

 စစ်ရေးပြအခမ်းအနားတစ်ခုမှ “၀”တပ်ဖွဲ့ဝင်များ

အပစ်အခတ်ရပ်ဆဲရေးနောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုတွေကို ပေါ်ပေါ်တင်တင်မလုပ်တော့ပေမဲ့ လည်း ဘိန်းစိုက်ပျိုးပြီး ရရှိလာတဲ့ ငွေကြေးတွေနဲ့ လက်နက်စက်ရုံ၊ ဒုံးစက်ရုံ၊ ကျည်ဆံစက်ရုံတွေကို တိုးချဲ့ ဆောက်လုပ်လာခဲ့ကြပါတယ်။ အခုဆိုရင်လည်း ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလနောက်ဆုံးအပတ်မှာ “၀” တပ်ဖွဲ့တွေဟာ ကေအိုင်အေ တပ်ဖွဲ့ဆီကို ကား(၄)စီးစာခန့်ရှိတဲ့ လက်နက်ကြီး အလက်(၅၀)ခန့်နဲ့ ခဲယမ်း တွေကို အရစ်ကျစနစ်နဲ့ အကြွေးရောင်းချပေးခဲ့တယ်လို့ “ကချင်နေ့စဉ်သတင်း” စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ အရင်တုန်းကလည်း တရုတ်လက်နက်ကုန်သည်တွေနဲ့ တခြားနိုင်ငံက သူပုန်တွေအကြားမှာ ပွဲစားလုပ်ပေးတဲ့အတွက် မျိုးမျိုးမြက်မြက် ရခဲ့တယ်လို့လဲ သိရပါတယ်။ “၀”တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ ကေအိုင်အေအကြား တိုက်ပွဲများ ဆက်လက်ကြာမြင့်အောင် လက်နက်တွေ ကို ရောင်းချပေးနေတာဖြစ်ပြီး တစ်ဖက်မှလည်း ကေအိုင်အေတပ်ဖွဲ့တွေကို ကူညီနေ သယောင်ယောင်နဲ့ ၎င်းတို့ “၀” ပြည် ကြီးပွား တိုးတက်ရေးကိုသာ အလေးထားလုပ်ဆောင်နေ တာ ကို တွေ့ ရပါတယ်။


No comments:

Post a Comment