Pages

Tuesday, December 11, 2012

တောင်ကြီးမြို့တွင် ခလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆွေးနွေးပွဲကျင်းပ

ဒီဇင်ဘာ(၁၁)





ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ရှိ မြန်မာနိုင်ငံဆရာဝန်များ အသင်း ရှမ်းပြည်နယ် ရုံးတွင် ခလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၁၀) ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲကို ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ဆရာဝန်များအသင်းမှ တာဝန်ရှိသူ များ၊ (UNICEF)အဖွဲ့ တောင်ကြီးရုံးမှ ၀န်ထမ်းများ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနဲ့ (UNICEF) အဖွဲ့ ရန်ကုန်ရုံးမှ ဒုတိယဌာနေကိုယ်စားလှယ် အိန္ဒိယနိုင်ငံသူ Ms. Shalini Bahaguna အပါအ၀င် လူ(၃၀)ဦး ခန့်တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ ခလေးသူငယ်များ ကာကွယ်စောင့်ရှောက်
ေ ရးနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေတွေကိုရှင်းလင်းပြော ကြား ခဲ့ပြီး နောက်မှာ အိန္ဒိယနိုင်ငံသူ Ms.Shalini Bahaguna မှ ၎င်းတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်း လက်ရှိ ဆောင်ရွက်နေတဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ Ms.Shalini Bahaguna နဲ့ အဖွဲ့သည် နေ့လည်ပိုင်းတွင် ၎င်းရုံးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး မှူးတို့နှင့် တွေ့ ဆုံပြီး လိုအပ်ချက်များကို ဆွေးနွေးသွားခဲ့ပါတယ်။
မှတ်တမ်းဓာတ်ပုံများ........ 





No comments:

Post a Comment