Pages

Tuesday, December 11, 2012

မန်း မှ သေကြောင်းကြံစည်သူတစ်ဦး အား သက်ဆိုင်ရာမှ အချိန်မှီ တားဆီး

ဒီဇင်ဘာ(၁၁)



ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင်မန္တလေး မြို့ ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာအပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်ကိုမိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်း ခဲ့သည်။ 

အဆိုပါ နေရာ သို့  သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေး အဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ် ၂ စီး တို့ ရောက်ရှိလာပြီး မိမိကိုယ်ကို မိမိ
သေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသော အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။ 

" သူ့ ရဲ့ မိန်းကလေး နဲ့ အဆင်မပြေလို့ ခုန်ချပြီး သေကြောင်းကြံစည် တယ် လို့ ပြောတာပဲ " ဟု အဆိုပါ ဒိုင်းမွန်းပလာ အပေါ်ဆုံးထပ်တွင် ရောက်ရှိနေသော တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ 

ယခု အခါ အဆိုပါ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။


သတင်း၊ ဓါတ်ပုံ - စိုင်းလမင်း

Popular News 

No comments:

Post a Comment