Pages

Thursday, December 13, 2012

ဆီးရီးယား နိုင်ငံရှိ ပါကစ္စတန် သံရုံးကို ပိတ်ပြီ

ဒီဇင်ဘာ(၁၃)

ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခ များကို သံတမန် နည်းလမ်းအရ ဖြေရှင်းမှုများ ပြုလုပ်၍ မျှော်လင့် ချက်များ လျော့ပါး လာသည့် အတွက် ပါကစ္စတန် အစိုးရသည် ဆီးရီးယား နိုင်ငံ အတွင်းရှိ ၎င်းတို့၏ သံ
ရုံးကို ပိတ်ပစ်၍ သံအမှု ထမ်းများကို ပြန်လည် ခေါ်ယူခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

သံရုံး အမှုထမ်း ၂၆ဦးနှင့် ၎င်းတို့၏ မိသားစု ဝင်များကို လက်ဘနွန် နိုင်ငံမှ တစ်ဆင့် ဘေး ကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း သိရသည်။

အဘယ့်ကြောင့် ဆိုသော် ဆီးရီးယား လေဆိပ်သို့ ဦးတည် သွားသည့် အဝေးပြေး လမ်းမကြီး ဝန်းကျင်တွင် ဖြစ်ပွားလျက် ရှိသော အစိုးရ တပ်ဖွဲ့များနှင့် အတိုက်အခံ အဖွဲ့များကြား တိုက်ခိုက်မှု များသည် ပို၍ပြင်းထန် လာသောကြောင့် ယင်းကဲ့သို့ ပို့ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာတွင် ဖော်ပြ ထားသည်။

ထို့ပြင် ၎င်းသံရုံး ပြန်လည် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို သုံးလ အကြာတွင် နိုင်ငံခြားရေး ရုံးက ပြန်လည် သုံးသပ်ပေးမည် ဖြစ်ကြောင်း သံတမန် တစ်ဦးက ပြောကြား ခဲ့သည်။ 

Photo:   http://www.myawady.net.mm/allnews/global/item/1593-2012-12-12-11-31-08

 www.MyanmarExpress.net

No comments:

Post a Comment