Pages

Thursday, December 13, 2012

တောင်ကြီးမြို့တွင် မြန်မာ့ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့ (MDRI)မှ လာရောက်ဆွေးနွေး




ဒီဇင်ဘာ(၁၃)

ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့(MDRI)တိုဆွေးနွေးနေစဉ်
 
ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ မြန်မာ့ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့အစည်း(MDRI)တို့ဟာ တောင်ကြီး မြို့ သစ်တော ရပ်ကွက်မှာရှိတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ဒီဇင်ဘာလ (၁၂)ရက် ညနေပိုင်းက တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပါတယ်။

မြန်မာ့ဖွံ့ဖြိုးရေးအရင်းအမြစ်အဖွဲ့အစည်း (MDRI)အဖွဲ့မှ ဦးအောင်သူငြိမ်းနဲ့ အဖွဲ့ဝင်(၃)ဦး ပါဝင်ပြီးတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ်၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးခွန်သိမ်းမောင်၊လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနဲ့ ပြည်နယ်လွှတ်တော်အ တွင်းရေးမှူး ဦးရဲအောင်နိုင်တို့ တက်ရောက်ခဲ့ကြတယ်။

(MDRI) အဖွဲ့၏ ဘဏ္ဍာရေးစီမံချက်နဲ့ပတ်သက်တဲ့ မေးခွန်းကို ဦးခွန်သိန်းမောင်မှ ရရှိ လာသော ဘဏ္ဍာငွေ များကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများတွင် အဆင်ပြေ သလို သုံးစွဲကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အစိုးရတို့အကြား ဆက်ဆံရေး အခြေအနေမေးခွန်းကို ဦးရဲနိုင်အောင်မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှမဟုတ်ဘဲ အခြားမဲဆန္ဒ နယ်များမှ ကိုယ်စားလှယ်တွေ တင်ပြတဲ့ ဘယ်လိုကိစ္စကိုမဆို လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောဆန္ဒကို ယူပြီးမှသာ တန်းတူညီတူ ဆောင်ရွက်ပေးကြောင်း၊ တိုင်းရင်းသားများကို ၀န်ထမ်းရွေး ချယ်မှုနဲ့ပတ်သက်ပြီး ဒေါက်တာမျိုးထွန်းမှ လူသူအရောက်နည်းပါးတဲ့ဒေသ များမှာ တိုင်းရင်းသားတို့ရဲ့ ဘာသာစကားပေါ်မူတည်ပြီး ကျောင်းဆရာ/ဆရာမများနဲ့ သူနာပြု ၀န်ထမ်းများကို ရွေးချယ်တာဝန်ပေးကြောင်း  ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ်အတွင်းရှိမည်သည့်ဒေသမဆို
 ဆောင် ရွက်ပေး နေကြောင်းနဲ့ လူမှုရေးအဖွဲ့အစည်းတွေဖြစ်တဲ့ အင်န်ဂျီအိုအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး ဘိန်းအစား ထိုးသီးနှံများ စိုက်ပျိုးရေးကိုလည်း အထူးအလေး ထားဆောင်ရွက်နေကြောင်း ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးကိုတော့ ညနေ(၄)နာရီမှာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment