Pages

Saturday, December 22, 2012

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့အနီးတွင် နှစ်သစ်ကြိုဆိုပွဲကျင်းပရန်ပြင်ဆင်

ဒီဇင်ဘာ(၂၂)

တာချီလိတ်မြို့အမှတ်(၁)ချစ်ကြည်ရေးတံတား(ဓာတ်ပုံ-တာချီလိတ်)



ရှမ်းပြည်နယ် တာချီလိတ်မြို့ရှိ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးမှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ မှ ဇန်န၀ါရီလ (၁) ရက်နေ့အထိ ထိုင်း-မြန်မာ နှစ်နိုင်ငံ နှစ်ဟောင်းနှုတ်ဆက်-နှစ်သစ်ကြိုဆိုပွဲ ကျင်းပပြု လုပ်ဖို့ရှိတယ်လို့ တာချီလိတ်မြို့ခံများက ပြောပြပါတယ်။ 
အဲဒီပွဲမှာ ထိုင်းနိုင်ငံရဲ့ နှစ်သစ်မှာ ထုတ်လုပ်ရောင်းချမည့် ထွက်ကုန်ပစ္စည်းတွေကို ဈေးနှုန်း သက်သာ စွာနဲ့ ရောင်းချပေးမှာဖြစ်တဲ့အကြောင်းနဲ့ တာချီလိတ်မြို့ဒေသခံတွေကိုလည်း လာရောက်ကြဖို့ဖိတ်ကြား ထားကြောင်းသိရပါတယ်။ ချိန်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်မှာရှိတဲ့ မြန်မာ-ထိုင်း နယ်ခြားကော်မတီ (ထိုင်းနိုင်ငံဘက်) မှ တာဝန်ရှိသူတစ်ဦးက နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နဲ့ ခရီးသွားလုပ် ငန်းများ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အဆင်ပြေစေရေးအတွက်  ဒီပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း
 ပြောပြသွားခဲ့ပါတယ်။ 

ဒီဇင်ဘာလ(၁၇)ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လက်ခ်ရှင်နာဝပ် နဲ့ ထိုင်းစီးပွား ရေး လုပ်ငန်းရှင်များအဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့အတူ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို သွားရောက် လေ့လာခဲ့ကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါ တယ်။ အလားတူ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာလည်း ထိုင်းနိုင်ငံ ကြည်းတပ်စစ်သည် အင်အား ဖြည့်တင်းရေး ကျောင်းမှ သင်တန်းနည်းပြများနဲ့ သင်တန်းသားများဟာ တာချီလိတ်မြို့ မှာရှိတဲ့ တာလော့ဈေးထဲကို လာရောက်လည် ပတ်လေ့လာသွားတယ်လို့လည်း သိရပါတယ်။  

No comments:

Post a Comment