Pages

Saturday, December 22, 2012

ရှမ်းပြည်နယ်တွင် တရုတ်နိုင်ငံ မူးယစ်ထိန်းချုပ်ရေးအဖွဲ့မှ သင်တန်းပေးကွင်းဆင်းဆောင်ရွက်နေ

ဒီဇင်ဘာ(၂၂)
NNCC အဖွဲ့နှင့် မူးယစ်(အထူး) အဖွဲ့များဆွေးနွေးနေပုံ


ရှမ်းပြည်နယ်တွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC) မှ ဒုအထွေ ထွေအတွင်းရေးမှုးချုပ် Mr. An Guojun ဦးစီးတဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့ မှာ တာကော်တံတား အနီးရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 
၎င်းအဖွဲ့မှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ညွှန်ကြားရေး ဒုဌာနမှူးများ၊ ဂြိုလ်တုပညာရှင်နှင့် ဓာတ်ပုံပညာရှင်များ စုစုပေါင်း ၁၁ ဦးပါဝင်ပြီး တောင်ကြီးမြို့ မူးယစ်(အထူး) အဖွဲ့နှင့် ကွမ်ဟိန်းမြို့ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ အဲဒီပူးပေါင်းအဖွဲ့ဟာ တာကော်တံတားအနီးရှိ ဖလမ်းရွာ အနီးတ၀ိုက်က သီးပွင့်ဆဲ ဘိန်းခင်း (၃)ဧက ခန့်ကို ဖျက်ဆီးပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်သွားခဲ့တယ် လို့ ဒေသခံများက ပြောပါတယ်။
Mr. An Guojun ဦးစီးတဲ့ အဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်ကို ဒီဇင်ဘာလ (၁၇) ရက်နေ့ ကတည်း က ရောက်ရှိနေပြီး ဒီဇင်ဘာလ (၂၉)ရက်နေ့အထိ ရှမ်းပြည်နယ်အနှံ့အပြားမှာ ကွင်းဆင်းလေ့ လာမှုတွေ ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြပါ တယ်။ အဆိုပါ (NNCC)အဖွဲ့က GPS မြေပုံဖတ်နည်းသင်တန်းကို တာချီလိတ်မြို့ မှာ မူးယစ်(အထူး) တပ်ဖွဲ့ဝင်တွေကို သင်တန်းပို့ချပေးမည့်အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။ ရှမ်းပြည်နယ် ဘိန်းစိုက် ပျိုးမှုပပျောက်ရေးနဲ့ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးမှု တိုးတက်လာရေး အတွက် ဒီလိုအဖွဲ့အစည်း အသီးသီးမှ ငွေကြေးထောက်ပံ့မှုသာမက နည်းပညာပိုင်းဆိုင်ရာများလည်း ကူညီထောက်ပံ့ပေးတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရကြောင်းကို မိုင်းပျဉ်းမြို့နယ်မှ ဒေသခံတစ်ဦး က ပြောပြသွားပါတယ်။

No comments:

Post a Comment