Pages

Wednesday, December 19, 2012

ရှမ်းပြည်နယ် တာချီလိတ်တွင် တရားမဝင် ကုန်သွယ်မှုဖြင့် တင်သွင်းလာသော ကြက်ဥများ ဖျက်ဆီး

ဒီဇင်ဘာ(၁၉)

ရှမ်းပြည်နယ် တာချီလိတ်တွင် တရားမဝင် ကုန်သွယ်မှုဖြင့်  တင်သွင်းလာသော ကြက်ဥများ ဖျက်ဆီး

ရှမ်းပြည်နယ် တာချီလိတ် မြို့တွင် တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး အတွက် Mobile Team အဖွဲ့ဖြင့် မြို့အဝင်၊ အထွက်ဂိတ် များတွင် စစ်ဆေး လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက မိုင်းယောင်းမြို့မှ လာသော ကုန်တင်ယာဉ် ပေါ်တွင် ID/ED နှင့် စာရွက်စာတမ်း အထောက် အထားများ မပါသည့် တရုတ် နိုင်ငံမှ ကြက်ဥဖာ ၄ဝ (အလုံးပေါင်း ၁၂ဝဝဝ) ကို သိမ်းဆည်း ရမိသည်။

ယင်းကြက်ဥ ဖာများကို ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီက တာချီလိတ်မြို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန မယ်ယန်း စစ်ဆေးရေး စခန်းမြေ နေရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖျက်ဆီးကြောင်း သိရသည်။
 
မြ၀တီ

No comments:

Post a Comment