Pages

Tuesday, December 18, 2012

မော်ဒယ်လ် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ဒီဇင်ဘာ(၁၈)


''လတ်တလော အနုပညာ လှုပ်ရှားမှု ကတော့ ကြော်ငြာတွေ ရိုက်နေတယ်။ ဒီရက်ပိုင်း ပြက္ခဒိန်တွေ ရိုက်တယ်။ သီချင်း တွေလည်း ဆိုဖြစ်တယ်။ နန်းမြတ် ဆိုတာက Pop တွေ၊ Slow Rock တွေ များတယ်။ ကြော်ငြာ ကတော့ ဆရာဆြာမိ အစာအိမ်ဆေး၊ GOOD CARE မိန်းကလေး လစဉ်သုံး ဂွမ်းထုပ်၊ MB ဘီစကွတ် ကြော်ငြာ တွေတော့ လွှင့်နေပြီ။
ဆပ်ပြာ ကြော်ငြာရယ်၊ သွားတိုက်ဆေး ကြော်ငြာရယ် ကတော့ လွှင့်ဖို့ ကျန်သေးတယ်။ တစ်ကိုယ်တော် သီချင်းခွေ ထွက်ဖို့ အတွက်တော့  သီချင်းတွေ နည်းနည်း စုနေတယ်။ ၂ဝ၁၃ ခုနှစ် လယ်ပိုင်း လောက်မှ ဖြစ်မယ် ထင်တယ်။ အတွဲခွေ ကတော့ လက်လက်ကို ထလို့၊ ချစ်တယ် မုန်းတယ်၊ ဖန်ဆင်းရှင်၊ ရွှေ FM သုံးနှစ်ပြည့် အခွေထဲမှာ ပါတယ်။ အရင်တုန်း ကတော့ သီချင်း အေးအေး လေးတွေ ဆိုဖြစ်တယ်။ အခု နောက်ပိုင်းတော့  ခပ်မြူးမြူး လေးတွေပဲ ဆိုဖြစ်တယ်။  Presenter လည်း လုပ်ဖြစ်တယ်။ ပွဲကြီးတွေမှာ ပဲလုပ်တာ၊ မြဝတီ Program တွေမှာ လုပ်ဖြစ်တယ်။ ဒါပေမဲ့ သရုပ်ဆောင် ပိုင်းနဲ့ အဆိုပိုင်းကို အားထားတော့  သိပ်တော့ မလုပ် ဖြစ်ပါဘူး။ ဂျာနယ် Cover, Magazing Cover တွေတော့ ဒီလပိုင်း မရိုက်ဖြစ်ဘူး။ သူတို့ အားတဲ့ရက်နှင့် သမီး အားတဲ့ရက် မကိုက်တော့ အဆင် မပြေဘူး။ နန်းမြတ်ရဲ့ ပရိသတ်ကြီးကို နန်းမြတ် အနုပညာ အလုပ်တွေ အရမ်း ကြိုးစားပြီး လုပ်နေပါ တယ်လို့၊  ဒီထက်ပိုပြီး နန်းမြတ်ကို အားပေး ပါဦးလို့ ပြောချင် ပါတယ်။''
 
မြ၀တီ

No comments:

Post a Comment