ဒီဇင်ဘာ(၁၁)
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျပ် ငါးထောင်တန် ငွေစက္ကူ အတု များမကြာခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက်ရှိပြီးဒီဇင်ဘာလ(၁၁)ရက်နေ့တွင်လည်း ကမ္ဘောဇဘဏ်ခွဲ (ဟင်္သာတ) ၌ ငွေလွှဲသူများ ထံ ကတွေ့ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကျပ် ငါးထောင် တန် ငွေစက္ကူများအား အတုနှင့် အစစ် ခွဲခြားရာတွင်စာရွက်အသားနှင့် လုံခြုံရေး ကြိုး လိုင်း ကွဲပြား မှုရှိကြောင်း၊ ငွေစက္ကူငါးထောင်ကျပ်တန် အတုသည် စာရွက်သား ကြမ်းခြင်း၊ လု့ခြုံရေး ကြိုး တဆက်တည်းဖြစ်နေပြီး အစစ်တွင် လုံခြုံရေး ကြိုးသည် သိသာထင်ရှာစွာ အဖြတ်လေး များရှိကြောင်း သိရသည်။”"ဘဏ်ကို လူကြုံနဲ့ ငွေလာလွှဲပေးတာပါ။ ငွေအားလုံးက (၁၆)သိန်း ရှိတယ်။ အဲဒီအထဲက ငါးထောင်တန်ပါတဲ့ တစ်သိန်းအုပ်မှာ တစ်ရွက်က အတု ဖြစ်နေတယ်လို့ ဘဏ်ကပြောလို့ လဲပေးရတယ်။ ဘဏ်က အတု ငါးထောင်တန်ကို ဖြဲပြီး အပိုင်းပြန်ပေး တယ်။ အစစ်နဲ့ တိုက်ကြည့်တော့ ကြိုးလိုင်းမှာ သိသိ သာသာ ကွာနေတယ်။ဒီနေ့မှာ ကျွန်တော်နဲ့ အတူ ငွေလွှဲတဲ့ သူငယ်ချင်းမှာလည်း ငါးထောင်တန် အတုတစ်ရွက် တွေ့ရတယ်။ ဘယ် က ပါလာတာလည်းတော့ မသိဘူး။ ကုန်သည် ပိုက်ဆံဆိုတော့ရောရာ ပါဘဲ”" ဟု ဇလွန်မြို့မှ ကမ္ဘောဇဘဏ်ခွဲ(ဟင်္သာတ)တွင်ငွေလာရောက်လွဲခဲ့သူက ပြောသည်။“ဒီလိုမျိုး ငါးထောင် တန်တွေက အတုတွေ ပေါ်နေတယ် ဆိုတော့ လက်ထဲကိုင်မထားရဲဘူး။ ဘဏ်ကို သွင်းရင်လည်း ဖြဲစုပ်ပစ်တော့ ဆုံးသွားတာပဲရှိတယ်။ အပြင်မှာ ပြန်သုံးလိုက်ကြတာ များတယ်။ အတုတွေ ပေါ်နေတော့မယုံနိုင်ဘူးလေ”ဟု ဈေးဝယ်သူတစ်ဦးက ဆိုသည်။ယင်းကဲ့သို့ ငါးထောင်ကျပ်တန် ငွေစက္ကူ အတုများ တွေ့ရှိမှုများဖြစ်ပေါ်နေသဖြင့် ဟင်္သာတမြို့ပေါ်ရှိ ဆိုင်ကြီးများတွင် ငွေရေတွက်ရာ၌ငွေစက္ကူ အရည်အသွေးအား လက်ဖြင့် ပွတ်၍ စမ်းသပ်မှုများရှိကြောင်း၊ အဆိုပါငွေစက္ကူ အတုများကြောင့် ကျပ်ငါးထောင်တန်များအား စိတ်ချမှု နည်းပါးကာသုံးစွဲမှုများပြားလာ ကြောင်း ဒေသခံများ ထံက သိရသည်။
The Hot News Weekly Journal

No comments:
Post a Comment