Pages

Tuesday, December 11, 2012

ပလောင်တိုင်းရင်းသား PSLA ငြိမ်းချမ်းရေး အဖွဲ့မှ နမ့်ဆန်မြို့ မီးဘေးသင့် ဒုက္ခသည်များအတွက်အလှူငွေပေးအပ်

ဒီဇင်ဘာ(၁၁)

 
ပလောင်ကိုယ်ပိုင်အုပ်ချုပ်  ခွင့်ရဒေသ နမ့်ဆန်မြို့၊မြို့ပေါ်ရှိ  မီးဘေးသင့်အိမ်ထောင်စု(၆၅)စု  မှ ဒုက္ခသည်များအတွက် အလှူ ငွေ (၃၉)သိန်းကို ပလောင်တိုင်း ရင်းသားPSLAငြိမ်းချမ်းရေး အဖွဲ့ မှ ဥက္ကဋ္ဌဦးအိုက်မုန်း(မန်တုံပြည် သူ့လွှတ်တော်ကိုယ်စားလှယ်)ဦး ဆောင်သော အဖွဲ့တို့က ယခုလ  ဒီဇင်ဘာလ(၂)ရက်တွင် နမ့်ဆန် မြို့လယ် ဂိုဏ်းချုပ်ဆရာတော် ကျောင်း၌ ကျင်း ပပြု လုပ်ခဲ့ပါသည်။ အဆိုပါအလှူငွေပေးအပ်ပွဲကို ပ လောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ ဦးစီးကော် မတီဥက္ကဋ္ဌ ဦးမောင်  ကျော်နှင့်အဖွဲ့ဝင်များ၊နမ့်ဆန်မြို့ နယ်၊တအာင်း(ပလောင်)အမျိုး သားပါ တီ မှ တာဝန်ရှိပုဂ်္ဂိုလ်များ၊  တအာင်း(ပလောင်)စာပေနှင့်ယဉ် ကျေးမှုဗဟိုကော်မတီဝင်များ၊ ရပ် မိရပ်ဖများနှင့်ဖိတ်ကြားထားသူ များ ပါဝင်တက်ရောက်ကြောင်း သတင်းရရှိပါသည်။

အလားတူ (၂၄.၁၁. ၂၀၁၂)ရက်တွင် ဦးအိုက်မုန်းသည်  မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊    ချမ်းမြသာယာရပ်ကွက်ရှိ ဦးစီး  ပဓာန နာယကဆရာတော် ဘဒ္ဒ န္တခေမာစာရ ဦးစီး တည်ထောင် သော အမှတ်(၁၆)နေမင်းဘုန်းကြီး  သင်ပရဟိတ ပညာရေးကျောင်း အတွက် အလှူငွေ(၁)သိန်းကို ပဉ္စမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးပြီးဆုံး၍ မန် တုံမြို့သို့အပြန်ဝင်ရောက်လှူဒါန်း   ခဲ့ကြောင်းသတင်းရရှိပါသည်။ဤ   နေမင်း ဘုန်းတော်ကြီးသင် ပရ ဟိတပညာရေးကျောင်းသည် PSLA ငြိမ်းချမ်းရေးအဖွဲ့မှ လက် နက်မအပ်နှံမီလက်ထက်က ငွေ  (၂၅)သိန်းဖြင့် မြေနေရာကို ၀ယ် ယူမတည်လှူဒါန်းခဲ့သည့် မန္တလေး   မြို့တွင် တစ်ကျောင်းတည်းသော   ပလောင်ဘုန်းတော်ကြီးသင်ပရ ဟိတပညာရေးကျောင်းဖြစ်ပြီး၊ ယခုအခါ တောင်ပေါ်ပလောင် ကျောင်းသားဦးရေ (၁၀၀)ကျော် ကို အဝေးသင်တက္ကသိုလ်တက် ရောက်သင်ကြားနေသော ပလောင် တက်္ကသိုလ်ကျောင်းသူ ဆရာမ(၅)  ဦးဖြင့် သင်ကြားလျက်ရှိကြောင်း၊   နေရေးထိုင်ရေးနှင့်ကျန်းမာရေး  အခက်အခဲ ရှိသေးကြောင်း ကျောင်းအုပ်ဆရာတော်၏ မိန့် ကြားချက်အရ သိရှိရပါသည်။

၂၀၁၁ခုနှစ် အစောပိုင်းမှ စတင်ပြီး ပလောင်ဒေသနယ်မြေ   အေးချမ်းမှု ကျဆင်းလာသည့် အပြင် မူးယစ်ဆေးဝါးသုံးစွဲမှု များ ပြားလာမှုကြောင့် ဆင်းရဲကျပ် တည်းလာကာ မိမိကလေး များကို  မထောက်ပံ့နိုင်၍ နမ့်ခမ်းမြို့နယ်၊  ကွတ်ခိုင်မြို့နယ်၊မန်တုံမြို့နယ်နှင့်  နမ့်ဆန်မြို့နယ်မှ ပလောင်ကလေး  များ မန္တလေးမြို့နှင့် ရန်ကုန်မြို့များအပြင် အခြား  မြို့ကြီးရှိ ပရဟိတကျောင်းများ၊  ဘုန်းကြီးကျောင်းများသို့ သွား ရောက်ပညာသင်ကြားနေရကြောင်း  သိရှိရပါသည်။

 The Hot News Weekly Journal

No comments:

Post a Comment