Pages

Friday, December 21, 2012

ရပ်စောက်မြို့နယ် သံဃာ့နာယက အဖွဲ့ ဒုဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူ



ဒီဇင်ဘာ(၂၁)

 ဆရာတော်၏ ဒါယကာ၊ ဒါယကာမများဝမ်းနည်းနေကြပုံ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့မှ မြို့နယ်သံဃနာယကအဖွဲ့ ဒုဥက္ကဋ္ဌ လေသာကျောင်းတိုက်ဆရာတော် သည် ပုဂံ-ညောင်ဦး သို့ ဘုရားဖူး ထွက်လာစဉ် ဒီဇင်ဘာလ(၁၇)ရက်နေ့ ညနေပိုင်းမှာ ရမည်းသင်းမြို့အထွက် တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ပျံလွန်တော်မူသွားကြောင်း သိရပါတယ်။

ဆရာတော်ရဲ့ ဘွဲ့အမည်ကတော့ ဘဒ္ဒ န္တ၀ိဇယ(ကမ္မဌာနစရိယ)ဖြစ်ပြီး သက်တော်(၃၈)နှစ်နဲ့ ၀ါတော်(၁၇)၀ါ ဖြစ်ပါတယ်။ ဆရာတော်လိုက် လာတဲ့ ဘုရားဖူးယာဉ်ကတော့ လိုက်ထရက်အဖြူရောင်ဖြစ်ပြီး ယာဉ်မောင်း သာဦး မောင်းနှင်တာပါ။ ရမည်းသင်းမြို့ အထွက်မှာ ရှေ့ကကား ကို ကျော်တက်ရင်း (၁၀)ဘီးကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆရာတော်က ရှေ့ခန်းက ထိုင်တာဆိုတော့ ဘယ်နံရိုးကျိုးကြေ၊ဦးခေါင်းခွံကွဲ ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး ပျံလွန်တော်မူသွားတာပါ။ ကျွန်တော်တို့လည်း ဆရာတော် ရုပ်ကလပ်ကို ရပ်စောက်မြို့ ကို ပြန်ပြီး ပင်ဆောင်လာခဲ့ ပါတယ် လို့ ဘုရားဖူးအတူပါသွားသူ ဒါယကာတစ်ယောက်မှ ပြောပြပါတယ်။

ဆရာတော်အတွက် ရပ်စောက်မြို့ခံပြည်သူတွေအားလုံးက ၀မ်းနည်းနေကြပြီး ဒါယကာ၊ ဒါယကာမများမှ လည်း ယူကြုံးမရ ဖြစ်နေရပါတယ်။ ရပ်စောက်မြို့နယ်သံဃနာယကအဖွဲ့ကနေ ဦးစီးပြီး ဆရာတော်ရဲ့ ရုပ်ကလပ်ကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှာ မီးသဂြိုလ်သွားမည်လို့လည်း သိရပါတယ်။ ယာဉ်တိုက်မှုအတွက် ယာဉ်မောင်း သာဦးကိုတော့ ရမည်းသင်းရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ ရပ်စောက်မြို့မှ ဒေသခံ တစ်ဦးက ပြောပြသွားပါတယ်။
 

No comments:

Post a Comment