Pages

Friday, December 21, 2012

ထိုင်းနိုင်ငံ ကြည်းတပ်သင်တန်းကျောင်းမှ စစ်သည်များ တာချီလိတ်ဈေးသို့ လာရောက်လည်ပတ်



ဒီဇင်ဘာ(၂၁)



တာချိလိတ်မြို့ တာလော့ဈေးရှေ့မှသင်တန်းသားများ



ရှမ်းပြည်နယ် အရှေ့ပိုင်း တာချိလိတ်မြို့ တာလော့ဈေးကို ထိုင်းနိုင်ငံ ကြည်းတပ်စစ်အင်အားဖြည့်တင်းရေး သင်တန်းကျောင်းမှ နည်းပြဆရာ များနဲ့ သင်တန်းသားများက ဒီဇင်ဘာလ(၁၉)ရက်နေ့ နေ့လည်ပိုင်းမှာ အလည် အပတ်လာရောက်ပြီး လေ့လာသွားတယ်လို့ သိရပါတယ်။

လာရောက်လည်ပတ်တဲ့ သင်တန်းသားတွေကတော့ ထိုင်းနိုင်ငံကြည်းတပ်စစ်သည်အင်အားဖြည့်တင်းရေး ကျောင်းမှ သင်တန်းနည်းပြတွေနဲ့ သင်တန်းသားတွေဖြစ်ပြီးတော့ စုစုပေါင်း(၉၇)ဦး ဖြစ်ပါတယ်။ ၄င်းအဖွဲ့ဟာ အလည်အပတ်မလာရောက်ခင် (၁)ပတ်ခန့်အလိုထဲက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်မှာရှိတဲ့ မြန်မာ - ထိုင်း နယ်ခြားကော်မတီကို အကြောင်းကြားအသိပေးထားတယ်လို့ သိရပါတယ်။ သင်တန်းသားတွေပါဝင်တဲ့ ကား(၃)စီးဟာ မယ်ဆိုင်မြို့ကနေတစ်ဆင့် တာချီလိတ်မြို့ထဲကို အမှတ်(၁)ချစ်ကြည်ရေးတံတားကနေ ၀င် လာခဲ့ပြီး (၁)နာရီကျော်ကြာအောင် တာလော့ဈေးထဲမှာ ကြည့်ရှုလေ့လာသွားတယ်လို့ တာလော့ဈေးမှ ဒေသခံများက ပြောပြပါတယ်။



အမှတ်(၁)ချစ်ကြည်ရေးတံတားမှဝင်ရောက်လာသော သင်တန်းသားများ


၎င်းအဖွဲ့ဟာ မြန်မာနိုင်ငံကိုသာမကဘဲ အခြားအာဆီယံနိုင်ငံများသို့လည်း အလည်အပတ်သွားဖို့ရှိတယ်လို့ မယ်ဆိုင်မြို့ မြို့နယ်အဆင့် နယ်ခြားကော်မတီက ပြောပြသွားပြီး သင်တန်းသားများနဲ့အဖွဲ့ဟာ တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံဘက် ကို ပြန် ထွက်သွားတယ်လို့ သိရပါတယ်။
 

No comments:

Post a Comment