Pages

Monday, December 31, 2012

ရုရှား နိုင်ငံ၌ လေယာဉ်ပြေးလမ်း ချော်မှုကြောင့် ခရီးသည် လေးဦးသေဆုံး

ဒီဇင်ဘာလ ၃၁
 
 ရုရှား နိုင်ငံ၌ လေယာဉ်ပြေးလမ်း ချော်မှုကြောင့် ခရီးသည် လေးဦးသေဆုံး
 
 
ရုရှားနိုင်ငံ Red Wing လေကြောင်းလိုင်းပိုင် Tupolev Tu-204 ခရီးသည် လေယာဉ်၏ ခရီးစဉ် အမှတ် RWZ 9268 သည် ချက်သမ္မတ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ပို့ဆောင်ပြီးနောက် ရုရှား နိုင်ငံသို့ ပြန်လည်ထွက် ခွာခဲ့ရာ ရုရှားနိုင်ငံ မော်စကို မြို့ရှိ Vnukovo လေဆိပ်သို့ ဆင်းသက်စဉ် နှင်းများ ကျဆင်းမှုကြောင့် လေ ယာဉ်ပြေးလမ်း ချော်ခဲ့သည်။ လေယာဉ်ပြေးလမ်း ချော်မှုကြောင့် လေယာဉ်မှာ သုံးပိုင်း ပြတ်သွားပြီး   ခရီးသည် လေးဦး သေဆုံးခဲ့၍ မီးလောင်ကျွမ်း ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်က အရေးပေါ်ဝန်ကြီး ဌာနမှ   ထုတ်ပြန် ကြေညာ ခဲ့သည်။

ခရီးသည် ရှစ်ဦးနှင့် ဝန်ထမ်း လေးဦးသာ လိုက်ပါခဲ့သော Tu-204 လေယာဉ်သည် လေယာဉ် ပြေးလမ်းမှ အဝေးပြေး လမ်းမကြီး ပေါ်သို့ ပြေးလမ်း ချော်ခဲ့ပြီး စတုရန်းမီတာ ၁ဝဝ ကျော် အရောက်တွင် မီးလောင်ကျွမ်း ခဲ့သည်။ အဆိုပါ ဖြစ်ပွားမှုသည် ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၃၅ မိနစ် ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူး တို့သည် ယင်းဖြစ်ပွားမှု များကြောင့် သေဆုံး ခဲ့သည့်အပြင် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနှင့် အခြား တစ်ဦးတို့သည် ဆေးရုံသို့ ပို့စဉ် လမ်း၌ သေဆုံးခဲ့ပြီး အခြား သုံးဦး သည် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။

ယင်းဖြစ်ပွားမှုသည် နှင်းများ ထူထပ်စွာ ကျခဲ့သဖြင့် လေယာဉ်မှူး၏ မှားယွင်းမှု ဖြစ်ကြောင်း စုံစမ်း စစ်ဆေး ရေး ကော်မတီမှ ဗလာဒီ မာမာကင်၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့ပြီး ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ဤကဲ့သို့ ယူဆကြောင်း သိရသည်။

အရေးပေါ် ဝန်ထမ်းများသည် မိနစ် ၃ဝ အတွင်း မီးများ ငြှိမ်းသတ်နိုင်ကြသည်။ Tu-204 လေယာဉ်သည် ၁၉၉၅ ခုနှစ်မှ စတင်၍ စီးပွားရေး လုပ်ငန်းများတွင် စတင် အသုံးပြုခဲ့ပြီး ခရီးသည် ၂၁ဝ ဦးခန့် သယ်ဆောင် နိုင်သည့်အပြင် အင်ဂျင်နှစ်လုံး တပ်ဆင်ထားသော ဂျက်လေယာဉ် ဖြစ်သည်ဟု သိရသည်။
Vnukovo လေဆိပ်သည် ရုရှားနိုင်ငံရှိ နိုင်ငံတကာ လေဆိပ်သုံးခု အနက် တစ်ခုဖြစ်ကြောင်း သတင်းရရှိ သည်။
မြ၀တီ

No comments:

Post a Comment