Pages

Monday, December 31, 2012

မိုးနှင့် ထူးကဲမြစ်ရေကြောင့် မော်ကျွန်းစပါးစိုက်တောင်သူများ အခက်ကြုံ

ဒီဇင်ဘာလ  ၃၁

Photo: မိုးနှင့် ထူးကဲမြစ်ရေကြောင့် မော်ကျွန်းစပါးစိုက်တောင်သူများ အခက်ကြုံ
Monday, December 31, 2012

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမှ တောင်သူ
လယ်သမားများမှာ စပါးပေါ်ချိန်၌  ဒုက္ခရောက်နေကြောင်း ဒေသခံတောင်သူ
များထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်အတွင်း စပါးပေါ်ချိန်၌ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊မြစ်အောက်ရေများ ထူးကဲစွာတိုး
လာခြင်းကြောင့် ယခုကဲ့သို့ ဒုက္ခရောက်နေခြင်းဖြစ်သည်။

မြစ်အောက်ရေ ထူးကဲစွာ မြင့်တက်နေမှုကြောင့် ကောက်လှိုင်စီးများ
 ရေမြုပ်မှုဒဏ်ကို အလုပ်သမားရှား ပါးခြင်းကြောင့် အချိန်မှီကာကွယ်နိုင်ခြင်း
မရှိဖြစ်နေကြောင်းကိုလည်း တောင်သူများထံက သိရသည်။

“အချိန်မဟုတ်မိုးကရွာတယ်၊ ရေကလည်း ထူးမြင့်နေတော့ လယ်သမား
အားလုံးလိုလို ဒုက္ခရောက် နေကြတယ်” ဟု မော်ကျွန်းမြို့မှ တောင်သူ ဦးအောင်ထွန်းက ပြောသည်။

လက်ရှိအချိန်တွင် တောင်သူများမှာ အခက်အခဲများစွာကြုံတွေ့နေရပြီး၊  ပျက်စီးဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း ၄င်းက ဆက်ပြောသည်။ 

နောက်ဆက်တွဲပြဿနာများအနေဖြင့် စပါးများရေစိုခြင်း၊ အစိုဓါတ်များခြင်း၊
 ကောက်လှိုင်းစီး ရေစိုမှုကြောင့် စပါးအရောင်ပျက်စီးမှုများဖြစ်ပေါ်နေခြင်းဖြစ်
သည်။ ထိုကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စပါးရောင်းချ
ရာတွင် ဈေးမရခြင်းနှင့် အစိုဓါတ်ရှိခြင်းကြောင့် ၀ယ်သူမရှိဖြစ်နေကြောင်း
ကိုလည်း သိရသည်။

လက်ရှိတွင် မော်ကျွန်းမြို့နယ်၌ စပါးလှမ်းကွင်းများပြုလုပ်ထားရကြောင်း
ကိုလည်း သိရသည်။

“ကျွန်တော်တို့ စက်ပိုင်တွေစုပြီးတော့ တောင်သူတွေရဲ့အခက်အခဲကို ကူညီတဲ့
အနေနဲ့ လှမ်းကွင်းလုပ်ပြီး ထိန်းဝယ်ပေးနေတယ်” ဟု ရွေမွန်/ကောင်းမွန် စက်ပိုင်ရှင်မှ ပြောသည်။

Myit Makha Mediagroup

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းမှ တောင်သူလယ်သမားများမှာ စပါးပေါ်ချိန်၌
 ဒုက္ခရောက်နေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်အတွင်းစပါးပေါ်ချိန်၌အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊မြစ်အောက်ရေ
များ ထူးကဲစွာတိုးလာခြင်းကြောင့် ယခုကဲ့သို့ ဒုက္ခရောက်နေခြင်းဖြစ်သည်။

မြစ်အောက်ရေထူးကဲစွာ မြင့်တက်နေမှုကြောင့် ကောက်လှိုင်စီးများရေမြုပ်မှုဒဏ်ကိုအလုပ်သမားရှားပါးခြင်း
ကြာင့် အချိန်မှီကာကွယ်နိုင်ခြင်းမရှိဖြစ်နေကြောင်းကိုလည်း တောင်သူများထံက သိရသည်။

“အချိန်မဟုတ်မိုးကရွာတယ်၊ ရေကလည်း ထူးမြင့်နေတော့လယ်သမားအားလုံးလိုလိုဒုက္ခရောက် နေကြ
တယ်” ဟု မော်ကျွန်းမြို့မှ တောင်သူ ဦးအောင်ထွန်းက ပြောသည်။

လက်ရှိအချိန်တွင် တောင်သူများမှာ အခက်အခဲများစွာကြုံတွေ့နေရပြီး၊ ပျက်စီးဆုံးရှုံးမှုများနှင့်လည်းရင်ဆိုင်
နေရကြောင်း ၄င်းက ဆက်ပြောသည်။

နောက်ဆက်တွဲပြဿနာများအနေဖြင့် စပါးများရေစိုခြင်း၊ အစိုဓါတ်များခြင်း၊ကောက်လှိုင်းစီး ရေစိုမှုကြောင့်
 စပါးအရောင်ပျက်စီးမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများကြောင့်စပါးရောင်း
ချရာတွင် ဈေးမရခြင်းနှင့် အစိုဓါတ်ရှိခြင်းကြောင့် ၀ယ်သူမရှိဖြစ်နေကြောင်းကိုလည်း သိရသည်။

လက်ရှိတွင် မော်ကျွန်းမြို့နယ်၌ စပါးလှမ်းကွင်းများပြုလုပ်ထားရကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့ စက်ပိုင်တွေစုပြီးတော့ တောင်သူတွေရဲ့အခက်အခဲကို ကူညီတဲ့အနေနဲ့ လှမ်းကွင်းလုပ်ပြီး
 ထိန်းဝယ်ပေးနေတယ်” ဟု ရွေမွန်/ကောင်းမွန် စက်ပိုင်ရှင်မှ ပြောသည်။

Myit Makha Mediagroup

No comments:

Post a Comment