ဒီဇင်ဘာ(၃)
မက္ကဆီကိုသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော အင်ရီကေးပီနာနီးတိုသည် မက္ကဆီကို သမ္မတ သစ်အဖြစ် ဒီဇင်ဘာ ၁ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ မစ္စတာပီနာသည် မြို့တော်မက္ကဆီကိုစီးတီးရှိ ဆန်လာဇာရိုနန်းတော် သမ္မတရုံးခန်း၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ သမ္မတပီနာက ကျမ်းသစ္စာ ကျိန်ဆိုအပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုမိုကောင်းမွန်အောင်လုပ်သွားမည်ဟု သန္နိဋ္ဌာန်ပြုဟြေ ကြားခဲ့ သည်။ ၄င်းကျမ်းသစ္စာကျိန်ဆိုပွဲသို့ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်၊ စပိန်အိမ်ရှေ့မင်းသား ဖီးလစ်၊ ကနေဒါအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီးဒေးဗစ်ဂျွန်စတန်တို့လည်း တက်ရောက်ခဲ့ ကြသည်။ ကျမ်းသစ္စာ ကျိန် ဆို အပြီး ပီနာသည် သမ္မတဟောင်း ဖီးလစ်ကယ်ဒါရွန်ထံမှ သမ္မတအဆောင်အယောင်များလက်ခံရယူခဲ့ သည်။
(ဆင်ဟွာ)

No comments:
Post a Comment