Pages

Monday, December 3, 2012

ဟိုပုံးမြို့တန်ဆောင်တိုင်ပွဲတော် ကျင်းပနေပြီ


ဒီဇင်ဘာ(၃)

 ဟိုပုံးမြို့ တန်ဆောင်တိုင် ရိုးရာမီးထွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားဓာတ်ပုံများ

ရှမ်းပြည်နယ် ဟိုပုံးမြို့ တန်ဆောင်တိုင် ရိုးရာမီးထွန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂)ရက်နေ့ ညနေပိုင်းတွင် ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ဒေသခံပြည်သူ(၁၅၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပွဲတော်ကျင်းပရေး နာယက အဖွဲ့ဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးကော်မတီ အတွင်းရေးမှူး ဦးတိုးလွင်နဲ့ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ရှိန်တို့မှ ဖဲကြိုးဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ စက်ခလုတ်နှိပ်၍ မီးရှူးမီးပန်းများအား ပစ်ဖေါက်ပေးခဲ့ကြပါတယ်။ ဘင်ခရာအဖွဲ့မှ တီးမှုတ်ပေးပြီး ပအိုဝ်းတိုင်းရင်းသားများနဲ့ ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ များ၊ ကျောင်း သူလေးများမှ ကပြဖျော်ဖြေပေး ခဲ့ပြီး တာဝန်ရှိသူများမှ ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်ခဲ့ပါတယ်။
 
ဟိုပုံးတန်ဆောင်တိုင်ပွဲတော်ကို ဒီဇင်ဘာလ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပ သွား မှာ ဖြစ်ပြီး ဆိုင်ခန်းပေါင်း(၃၅၀)ကျော် ပါဝင်ရောင်းချသွားမှာဖြစ်ပါတယ်။ ဈေးဆိုင်ခန်းတွေကို ကန်ထရိုက် စနစ် မပေးဘဲ ဈေးရောင်းသူများမှ ကိုယ်တိုင်လာရောက်ဝယ်ယူရကြောင်းလည်း သိရပါတယ်။ တောင်ကြီး တန်ဆောင်တိုင်ကဲ့သို့ မီးပုံးပျံလွှတ်တင်ပြီး ဆုပေးပွဲများလည်း ကျင်းပသွားမှာဖြစ်ပါတယ်။ ယခုနှစ် ဟိုပုံး တန်ဆောင်တိုင်ပွဲကို Sky Net ရုပ်သံမှ လာရောက်မှတ်တမ်း တင်ပြီး ပြန်လည်ထုတ်လွှင့်ပေး သွားမှာဖြစ် တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်မှ ပြောပြသွားပါတယ်။

No comments:

Post a Comment