Pages

Saturday, December 29, 2012

(၆၅)ခုနှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မသစ္စာလမ်း(ကတ္တရာလမ်းသစ်)အား ဖွင့်လှစ်


ဒီဇင်ဘာ(၂၉)  

(၆၅)ခုနှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၂၉)ရက် နံနက်(၉)နာရီက တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မသစ္စာလမ်းအား ကတ္တရာလမ်းသစ်ဖွင့်ပွဲအဖြစ် အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး နှင့် တာချီလိတ်ခရိုင်/မြို့ အုပ်ချုပ်ရေးမှူး အပါအ၀င် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံ တိုင်းရင်းသားများ နှင့် ရပ်ကွက်သူ/သားများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။
ယခုဖွင့်လှစ်သော ၀မ်ကောင်းရပ်ကွက် ဓမ္မသစ္စာလမ်း ကတ္တရာလမ်းခင်းခြင်းနှင့်ပတ်သက်၍ အတိုင်းအတာအရ ၁၂၀၀' x ၁၂' x ၁၂.၅' ရှိပြီး ကုန်ကျငွေ ကျပ်သိန်း(၁၇၆)သိန်းဖြစ်ပြီး အဆိုပါလမ်းအား ကတ္တရာဖြင့် သုံးလွှာခင်းထားတာဖြစ်ပါတယ်။  ဓမ္မသစ္စာလမ်းကို ၂၀၁၂ခုနှစ် အောက်တိုဘာ(၃)ရက်နေ့က စတင်၍ ကတ္တရာလမ်းအဖြစ်ခင်းရာ ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ပြီးကြောင်း သိရပါတယ်။



၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်ခင်းကျင်းခဲ့ပြီးသော ကတ္တရာလမ်းများမှာ စုစုပေါင်း(၁၃)လမ်းရှိကာ (၁၃)လမ်း၏ အရှည်ကိုတွက်သော် (၃)မိုင် ၅.၂၇ဖာလုံရှိပြီး ကျပ်သိန်း(၃၃၉၂)ကုန်ကျကြောင်း သိရပါတယ်။
 
တာချီလိတ် 

No comments:

Post a Comment