ကမ္ဘာ့ဖလားမှာ နာမည်ကြီးတွေဖြစ်တဲ့ ဘရာဇီး ဂန္တ၀င် ဘောလုံးသမား ကာဖူး၊ ဘီဘက်တိုနဲ့ ရိုဘတ်တို ကားလော့စ်တို့ဟာ မြန်မာနိုင်ငံမှာ လာမယ့် လမှာ လာရောက်ကစားဖို့ ရှိပါတယ်။
All- Star Brazil အသင်းနဲ့ ပူးတွဲကာ သူတို့က ကစားကြမှာဖြစ်ပြီး
ဘောလုံး အဆင့်မြှင့်တင်ရေး မြန်မာနိုင်ငံရဲ့ ကြိုးစားမှု တရပ်ဖြစ်တယ်လို့ အားကစားအရာရှိ
တဦးကို ကိုးကားပြီး ယနေ့ ဘန်ကောက်ပို့စ် က ရေးသား ဖော်ပြထားပါတယ်။
ဘရာဇီးသံရုံးနဲ့ မြန်မာဘောလုံး အဖွဲ့ချုပ်တို့အကြားဆွေးနွေးပြောဆိုမှုတွေပြီးနောက်
အဆိုပါ ဘရာဇီး ဂန္တ၀င်ကစားသမား တွေဟာ မြန်မာအမျိုးသား လက်ရွေးစင် အသင်းက လူဟောင်း၊ လူသစ်တွေ
အစုံ ပါဝင်တဲ့ အသင်းနဲ့ ရန်ကုန်မှာ ကစား ကြဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ၁၉၉၄ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်က ကမ္ဘာဖလားဆုရင် ကာဖူး ကတော့ ယခင် ရီရဲမက်ဒရစ် ကစားသမားဟေင်း ကာလော့စ်နဲ့ ဘီဘက်တိုတို့နဲ့ အတူ လာမယ့် ဇန်န၀ါရီ လ ၂၀ ရက်နေ့မှာ ရန်ကုန်ကို ရောက်လာကြမှာ ဖြစ်ပါတယ်။
“၁၉၉၄ ခုနှစ် ချံပီယံ အသင်းက ကစားသမားအားလုံးနီးပါး ဒီမှာတွေ့ရဖို့ အခွင့်အရေး ရကြမှာ ဖြစ်တာနဲ့ တပြိုင်တည်း ဘောလုံးအသင်းတွေရော ပရိသတ်ရော အံ့သြဖွယ်အတွေ့အကြုံတွေလည်း ရကြမယ်လို့ ကျနော်ထင်ပါတယ်” လို့ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က စိုးမိုးကျော်က ပြောတာကို ဘန်ကောက်ပို့စ်က ကိုးကားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို လာရောက်မယ့် ကစားသမားတွေ ကိစ္စ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် လာမယ့် သတင်းပတ်မှာ ဆိုရင်တော့ နောက်ဆုံး စာရင်းကို သိရမှာဖြစ်ပြီး ဘယ်သူတွေလာရောက်ပြီး ကစားကြမယ်ဆိုတာ အသေးစိပ် အတည်ပြု ပြောကြားနိုင်မှာ ဖြစ်တယ် လို့ သူက ဆက်ပြောထားပါတယ်။
ဧရာဝတီBlog

No comments:
Post a Comment