Pages

Thursday, December 13, 2012

နေပြည်တော် ကားပြ ပွဲတွင် ကုန်ပစ္စည်း ၏ ၃၀ ရာခိုင် နှုန်းကို ပေးချေ ရုံဖြင့် လက်ဝယ် ပိုင်ဆိုင် နိုင်မည်

ဒီဇင်ဘာ(၁၃)
နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲတွင် ခင်းကျင်း ပြသ ထားသော မော်တော်ကား များ ကို တွေ့ရစဉ်။ 

နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ပြပွဲ ကျင်းပမည့် ဥပ္ပါတသန္တိ စေတီတော် ဘုရားပွဲတော် ကျင်းပ သည့်ကွင်း အဝင် မုခ်ဦး၌ ကျင်းပသည်။
အခမ်း အနားတွင် နေပြည်တော် ကောင်စီ ဝင် များ ဖြစ် ကြသည့် ဦးသန်းဌေးနှင့် ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ ပိုင်အောင် ထရေးဒင်း ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးနိုင်စိုး၊ ကမ္ဘောဇဘဏ် လီမိ တက် နေပြည်တော် တာဝန်ခံ ဦးဇော်ဝင်းနှင့် ဟက်ပီးဝေါလ် ကုမ္ပဏီ လီမိတက်မှ ဒါရိုက် တာ ဒေါက် တာ ဒေါ်နွေး နွေးအောင် တို့က ပြပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် များနှင့် တက်ရောက်လာကြ သူများသည် ပြပွဲတွင် ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှု အားပေး ကြသည်။
ကုန်စည် ပြပွဲတွင် ပြခန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြီး စားသောက် ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ အဝတ် အထည်နှင့် အသုံး အဆောင်များ၊ ကျန်းမာရေး အထောက်အကူ ပစ္စည် များကို ပြသရောင်း ချ ပေး မည်ဖြစ် သည်။
ကားပြပွဲတွင် ပြခန်းပေါင်း ၅၀ကျော် ပါဝင်ပြီး လူစီးကားများ၊ ခရီးသည်တင် ယာဉ်ကြီးများ၊ လုပ်ငန်းသုံး ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်သုံး စက်ဆီ၊ ချောဆီ များကို ပြ သ ရောင်း ချ ပေး မည်ဖြစ် သည်။
ပြပွဲကို ယနေ့ ဒီဇင်ဘာ ၁၆ ရက်အထိ (၅)ရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ပြသ ရောင်းချ ပေးမည်ဖြစ်ပြီး ကမ္ဘောဇဘဏ် လီမိတက်၏ Authorize Dealer ရရှိ ထားသော ကုမ္ပဏီ များ မှ မော်တော်ကား အပါအဝင် ဝယ်ယူ မည့် ကုန်ပစ္စည်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်း ပေးချေ ရုံမျှဖြင့် လက်ဝယ် ပိုင်ဆိုင် နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်ကြောင်း သိရှိ ရသည်။
 
ရွှေနိုင်ငံ

No comments:

Post a Comment