Pages

Thursday, December 13, 2012

“အင်းလေးကန်ထိန်းသိမ်းရေး ဒေသခံများ၏ဆန္ဒကို ဦးစားပေးမှ အောင်မြင်မည်”

ဒီဇင်ဘာ(၁၃)

အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် ဒေသခံများ၏ဆန္ဒကို ဦးစားပေးပါက ပိုမိုအောင်မြင်လာနိုင်မည် ဖြစ်ကြောင်း အင်းလေးအထူးဒေသအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ဒေသခံတွေက ဒေသအကြောင်းကို ပိုနားလည်ကြတယ်။ အခုလုပ်နေကြတဲ့ အဖွဲ့အစည်း မှာ ဒေသခံအဖွဲ့ပါဝင်မှု အားနည်းနေတယ်။ သူတို့လုပ်နေကြတဲ့ ပုံစံမှာ ဒေသနဲ့ အံဝင်ခွင်ကျ မဖြစ်တာတွေ ရှိနေတယ်။ ဒါပဲလုပ်ရမယ်ဆိုတဲ့ ပုံစံနဲ့လုပ်နေတာမှာ ဒေသခံတွေက သွားပြင်လို့မရတာတွေရှိတယ်။ အဓိက က ဒေသခံတွေ ဘာလုပ်ချင်တာ လဲဆိုတာကို ဦးစားပေးရင် ပိုအောင်မြင်မယ်ထင်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် အင်းလေးကန်စံချိန်တင် ရေခန်းခြောက်မှုကြောင့် အင်းလေးကန် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂ဝ၁၁ ခုနှစ်တွင် နော် ဝေအစိုးရမှ ကန်ဒေါ် လာ နှစ်သန်း ထောက်ပံ့ခဲ့ရာအင်းလေးကန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတွင် ဒေသခံအဖွဲ့အစည်း နှစ်ဖွဲ့သာ ပါဝင်လာခဲ့ကြောင်း ၄င်းထံမှ သိရသည်။

အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၂ ခုနှစ်ဧပြီလတွင် စတင်ခဲ့ပြီး လက်ရှိတွင် အင်းလေးကန်သို့ ဝင်ရောက်သော ချောင်း ၂၈ ချောင်းအနက် အဓိက ဝင်ပေါက်ဖြစ်သော ချောင်းလေးချောင်းတွင် နုန်းတားဆည်များ တည်ဆောက်ခြင်း၊ သစ်တောများ ပြန်လည် စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဒေသခံများ၏ နေထိုင်မှုပုံစံတွင် အမှိုက်စွန့်ပစ်ခြင်း၊ အိမ်သာအသုံးပြုခြင်းများကို စနစ်တကျဖြစ်စေရန် ပညာပေးခြင်းများ လုပ်ကိုင်နေကြောင်း သိရသည်။

”အခုထိတော့ သိသိသာသာ ပြောင်းလဲလာတာ မရှိသေးဘူး။ ဒါကလည်း လုပ်နေတာ မကြာသေးတော့ ပြောင်းလဲမှုကို မမြင်ရသေးတော နေမှာပါ”ဟု ၄င်းကပြောသည်။

ယခုနှစ်တွင် အင်းလေးကန်မှ ရေကျနှုန်းမြန်ဆန် လာခြင်းကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အင်းလေးကန် တောင်ဘက် ဘီလူးချောင်း လောပိတ ရေတံခွန် ဘက်တွင် ဆည်တည်ဆောက်ရန် လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
popularmyanmar.com

No comments:

Post a Comment