Pages

Friday, December 21, 2012

၂၀၁၂ခုနှစ်၏ မယ်စကြာ ဝဠာဆုကို အမေရိကန် အလှမယ် ရရှိ

ဒီဇင်ဘာ(၂၁)

၂၀၁၂ခုနှစ်၏ မယ်စကြာ ဝဠာဆုကို အမေရိကန် အလှမယ် ရရှိ

၂၀၁၂ ခုနှစ်၏ မယ်စကြာ ဝဠာဆုအား အမေရိကန် အလှမယ် အိုလီဗီယာ ကာလ်ပိုက ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။အသက်၂၀ အရွယ်ရှိ အိုလီဗီယာလ်ပိုသည် ရိုဒ့်အိုင်လန် ပြည်နယ် ခရန်စတန်မြို့မှ ဖြစ်ပြီး သူမ၏ မိဘ နှစ်ပါးမှာ ဂီတ ပညာရှင်များ ဖြစ်သည်။
ကာလ်ပိုနှင့် မောင်နှမများအား မိဘများက ငယ်စဉ်ကတည်းက ဂီတတူရိယာ ပစ္စည်းမျိုးစုံကို တီးခတ် နိုင်အောင် သင်ကြား ပေးခဲ့သည်။ကာလ်ပိုသည် တယောအကြီးစားကို တီးခတ်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး အနုပညာ လောကတွင် ထွန်းတောက် သည့် ကြယ်တစ်ပွင့် ဖြစ်လာရန်မှာ သူမ၏ အိမ်မက်ဖြစ်သည်။

၂၀၁၂ခုနှစ် မယ်စကြာဝဠာပြိုင်ပွဲ၌ 1st runner up ဆုကို ဖိလစ်ပိုင် အလှမယ် ဂျနိုင်း တူဂိုနန် က လည်းကောင်း၊ 2nd runner up ဆုကို ဗန်နီဇွဲလား အလှမယ် အီရီနီ ဆိုဖီယာ အက်စ်ဆာ ကွင်တီရိုက လည်းကောင်း၊ 3rd runner up ဆုကို သြစတြေလျ အလှမယ် ရီနေးအေးရစ်က လည်းကောင်း၊ 4th runner up ဆိုကို ဘရာဇီးအလှမယ် ဂါဘရီလီမား ကက်စ်တို့က အသီးသီး ရရှိခဲ့သည်။
 
မြ၀တီ

No comments:

Post a Comment