Pages

Saturday, December 29, 2012

မူလတန်းကလေးမိဘများ သတိထားရန်


 ဒီဇင်ဘာ(၂၉) 

 

စက်တင်ဘာ ၁၃ ရက်နေ့က ရွှေပြည်သာမြို့နယ် ၁ ရပ်ကွက် ရှိ   အမက (၄၂) ဒုတိယတန်း (ဂ) မှ ကျောင်းသူ မအေးပြည့်စုံ (၇) နှစ်၊ မစုဒါလီ (၈) နှစ်တို့သည် နေ့လည် ၁၁ နာရီကျော်က ကျောင်းတက်ရန် ကျောင်းသို့ အလာ ကျောင်းနား ရောက်ခါနီးတွင် အရပ် ၅ ပေခန့် အသားညို ပိန်ပိန်ပါးပါး အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးသည် ကလေးနှစ် ယောက်ကို နာရီဗူးကလေးများကို ပြ၍ “မဲနှိုက် ပေးမယ်လိုချင်ရင်   လိုက်ခဲ့”ဟု ခေါ်သွားရာ တညင်း ကုန်းရထားသံလမ်း အရောက်တွင် မအေးပြည့်စုံ၏ ကိုးသောင်းကျပ် တန်ရွှေနားကပ်ကို ပြုတ်ကျသွားမယ်ချွတ်ပြီး ဗူးထဲထည့်ပေးထားမယ်”ဟု ပြောပြီး။ နားကပ်ကို ချွတ်၍ ဗူးထဲထည့်ကာ ဗူးကို မအေးပြည့်စုံထံ ပြန်ပေးထားလိုက်  သည်။
လေတပ်ဘူတာမှ မြို့ပတ်ရထားစီး၍ အင်းစိန်ဘူတာဆင်း ပြီးနောက် အင်းစိန်ပန်းခြံမှ ရွှေပြည်သာသို့သွားသည့်ကား ပေါ်တင်ပေးကာ စပယ်ယာကို မြင်းလှည်းဂိတ်မှတ်တိုင်ချပေးရန် ပြောလွတ်လိုက်ပါသည်။ ကားဂိတ် တွင် ယောင်ပေပေဖြစ်နေသော  ကလေးနှစ်ယောက်ကို ကျောင်းသားမိဘတစ်ဦးမှ ကျောင်းသို့ ခေါ်လာပြီး ကျောင်းအုပ်ကြီးထံ  အပ်နှံခဲ့သည်။
နားကပ်ထည့်ထားသော ဗူးကိုဖွင့်ကြည့်ရာ နားကပ် မရှိဘဲ ကျောက်ခဲလေးသာတွေ့ရ သည်။ ဤကဲ့သို့ ဖြစ်စဉ်မျိုးကို မူလတန်း ကျောင်းများတွင် မကြာခဏဖြစ် ပေါ်နေပါသည်။ ကလေးများကို  အိမ်မှ တစ်ဦးဦးကြို/ပို့ ပြုလုပ် သင့်ပါသည်။ ပို့သူမရှိရင်လည်း စိတ်ချယုံကြည်ရမည့်အဖော်များ  နှင့် ကြို/ပို့လုပ်သင့်သည်။ အထူးသဖြင့် အရွယ်မရောက်သေးသည့်  ကလေးငယ်များကို ရွှေငွေလက်ဝတ်ရတနာဆင်မပေးတာ ကလေးများအတွက် အန္တရာယ်အကင်းဆုံး  ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ပါသည်။

HotNews  

No comments:

Post a Comment