Pages

Monday, December 3, 2012

တောင်ကြီးမြို့နယ် မောက်စံကျေးရွာတွင် NLD ပါတီ ရုံးခန်းသစ်ဖွင့်လှစ်


ဒီဇင်ဘာ (၃)


ပုသိမ်မြို့ NLD ပါတီဝင်များ နှုတ်ထွက်ပွဲဓါတ်ပုံ

၂၀၁၂ ခုနှစ်၊ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရှမ်းပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စား လှယ်အနေနဲ့  ကျားဖြူပါတီလို့ ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီက လွှတ်တော်ကိုယ်စား လှယ် ကို မဲ အပြတ်အသတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလိုမျိုးရှုံးနိမ့်မှုတွေ မဖြစ်ရအောင် NLD အနေနဲ့ ရှမ်းပြည်နယ်အတွင်းမှာ ရုံးခန်းအသစ်တွေဖွင့်လှစ်ပြီး နယ်မြေခံလူထုတွေ ကို စည်းရုံးနေပါတယ်။ဒီဇင်ဘာ ၂ရက်နေ့က တောင်ကြီးခရိုင်အတွင်းမှာရှိတဲ့ မောက်စံကျေးရွာမှာ NLD ရုံးခန်းသစ်ဖွင့်ပွဲကျင်းပခဲ့ပါတယ်။ မျက်မြင်တွေ့သူများရဲ့ အပြောအရ ကျေးရွာသား(၁၀၀)ခန့်တက်ရောက်ခဲ့ တယ်လို့သိရှိရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ကျားဖြူပါတီကနံပါတ်တစ်နေရာမှာရှိနေပြီး ကြံ့ခိုင်ရေးပါတီနဲ့ NLDပါတီတွေ ကတော့ နံပါတ်(၇)နဲ့(၈)မှာရှိနေပါတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ ဦးဆောင် ဖွဲ့စည်းတဲ့ပါတီက(၆) ပါတီရှိနေပါတယ်။ရှမ်းပြည်နယ်လူထုတွေအနေနဲ့ NLD အပေါ်မှာ စိတ်ဝင် တစားထောက် ခံမှုမရှိလှပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရှမ်းပြည်နယ်မှာ ဗုဒ္ဓဘာသာကိုးကွယ်မှုဟာ ၉၀ ရာခိုင်နှုန်းရှိနေတဲ့အတွက် ဘာသာရေးအရ ရှုတ်ချပြောဆို တာမျိုးကိုလက်မခံကြပါဘူး။ NLD ပါတီကို လူကြိုက်နည်းတဲ့အဓိကအကြောင်းရင်းက ဘာသာရေးနဲ့ဆက်နွယ်နေပါ တယ်။

မကြာသေးမီက အောင်ပန်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ မိုးပြာဂိုဏ်းပြဿနာမှာ NLD ပါတီဝင်တွေ အများဆုံး ဦးဆောင် ပါဝင်ခဲ့တာကို ဒေသခံလူထုတွေက မကြိုက်နှစ်ကြပါဘူး။ ဒါဟာရိုးရာအစဉ်အလာ ဘာသာကို အကြောင်းပြုပြီး ဘာသာခြား တွေအကြိုက် စည်းရုံးတဲ့သဘောမို့လို့ ဒီကနေ့ဖွင့်လှစ်တဲ့မောက်စံကျေးရွာ ရုံးသစ်ဖွင့်ပွဲကို ရှမ်းလူမျိုးတွေအနေနဲ့ လိုလိုလားလားမရှိကြပါဘူး။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဝင်ရှမ်းလူမျိုးတစ်ဦးကတော့ “ အခုကျွန်တော်တို့ရွာမှာ လူအင် အား ရဖို့ သူတို့ရုံးလာဖွင့်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပေမယ့် သူတို့အောက်ကလူတွေကို ကျွန်တော်တို့ သဘောမကျပါဘူး။ သူတို့ကကျွန်တော်တို့ကိုသာစည်းရုံးနေတာ၊ သူတို့အဖွဲ့အတွင်းမှာကို အချင်းချင်းစကားတွေများ နေကြတယ်၊ ထွက်သွားတဲ့သူတွေလဲ အများကြီးပဲ။ ဒီမှာက ရှမ်းလူမျိုးတွေ များပြီး ရှမ်းပါတီတွေကလဲအများအပြား ရှိတော့ NLD အတွက် အခွင့်အရေး ပိုနည်းသွားတာဖြစ်တယ်လို့ ” ပြောပြသွားပါတယ်။


No comments:

Post a Comment