Pages

Monday, December 3, 2012

UNODC မှ ဘိန်းအစားထိုးစိုက်ပျိုးမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေး



ဒီဇင်ဘာ(၃)

UNODC အဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် များဆွေးနွေးနေပုံ


ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC) ဌာနချုပ်မှ ကုလသမဂ္ဂလက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr.Yury Fedotov ဦးဆောင်သော အဖွဲ့ဝင် (၅)ဦးသည် ဒီဇင်ဘာ(၂)ရက်နေ့ မနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ များနှင့် တွေ့ ဆုံကာ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီမှ ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ မိမိသည် မြန်မာနိုင်ငံအတွင်းရှိ ပအိုဝ်းတိုင်းရင်းသားတို့၏ ကိုယ်စားလှယ်အဖြစ် လာရောက်သူဖြစ်ပြီး မိမိ တို့ဒေသ အား ဘိန်းခင်းဖျက်ဆီးရေးနဲ့ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးပေးစေလိုပါကြောင်း၊ ဘိန်းအစား ထိုးသီးနှံများ ဈေးကွက် ရရှိစေရန်နဲ့ ဒေသခံပြည်သူများ၏ ဘ၀မြှင့်တင်ရေးအတွက် ရေ/မီး လုံလောက် စွာ ပေးစေလိုကြောင်း၊ UNODC မှ ထောက်ပံ့ငွေများ ပေးအပ်မည်ဆိုပါက တိုင်းရင်းသားများလက်ထဲသို့ တိုက်ရိုက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြသွားပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ပြည်နယ်အစိုးရအနေနဲ့ UNODC အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက် ရသည့်အတွက် ၀မ်းမြောက်ရပါကြောင်း၊ ရှမ်းပြည်နယ်အား ထောက်ပံ့မှုများ ပေးအပ်သည့် အတွက် ကျေးဇူးတင် ကြောင်းနဲ့ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု ပပျောက်နိုင် မှာဖြစ်ကြောင်း ဆွေးနွေးပြော ကြားသွားပါတယ်။

H.E.Mr.Yury Fedotov မှ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခင် မဲနယ်တောင်ဒေသတွင် မိမိတို့အဖွဲ့မှ ဆန်ထောက်ပံ့ပေးမှုများ ပြုလုပ်ပေးခဲ့ပြီး တစ်ဘက်မှလည်း ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့အတွက် ထိရောက်မှုများ ရှိခဲ့ပြီး ထိုင်းနိုင်ငံတွင်လည်း မိမိတို့ အဖွဲ့မှ များစွာ ပြုပြင်ပြောင်းလဲပေးခဲ့ပါတယ်။ ဘိန်းဖျက်ဆီးရေးတွင် တစ်ဦးတစ်ယောက် တည်း ဆောင် ရွက်၍ မရနိုင်ဘဲ အားလုံးပူးပေါင်းဆောင်ရွက်မှအောင်မြင်မည်ဖြစ်ကြောင်းနဲ့ ရှမ်းပြည်နယ် အဖွဲ့ အစည်းများမှလည်း ယခုကဲ့သို့ ဘိန်းဖျက် လုပ်ငန်းများတွင် အားတက် သရော ဆောင် ရွက်နေသည့် အတွက် လေးစားပါကြောင်းတို့ကို ဆွေးနွေးပြောကြားသွား ခဲ့ပါတယ်။

UNODC အဖွဲ့နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးနဲ့အဖွဲ့များသည် ဟိုပုံးမြို့နယ် ပန်လျန် ကျေးရွာသို့ သွားရောက်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးများအကြောင်း ကို ဆွေးနွေးဟောပြောခဲ့ ပြီး ဒေသခံအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment