Pages

Thursday, January 10, 2013

ဂျပန်ရဲဆေးတင် စစ်သုံးစရိတ်တိုးတောင်းနေ




ဂျပန်စစ်တပ်သည် အရှေ့   တရုတ်ပင်လယ်အတွင်း တရုတ် နှင့်အငြင်းပွားနေသည့် ရှင်ကာကူ  ကျွန်းနှင့်ပတ်သက်၍ တရုတ်၏ ရေတပ်ကိုရင်ဆိုင်နိုင်ရန် ရဲဆေး တင် (Emboldend) သည့် အနေ ဖြင့် ၂၀၁၃ဘဏ္ဍာနှစ်အတွင်း ဂျပန်စစ်တပ်၏ ကာကွယ်ရေး  အသုံးစရိတ်ကို ယန်းငွေဘီလီယံ   ၁၀၀(အမေရိကန်ဒေါ်လာသန်း  ၁၃၀၀နီးပါး)ခွင့်ပြုရန် တင်ပြ  တောင်းခံလိုက်သည်ဟု ဂျပန် အာဏာပိုင်များကပြောသည်။
တရုတ်ရေတပ် ကင်းထောက်   စစ်ရေယာဉ် ၃စီးသည် ဇန်န၀ါရီ   လ ၉ရက်က အဆိုပါကျွန်း အနီး  ကင်းလှည့်နေခဲ့မှုနှင့်ပတ်သက်၍ တိုကျိုရှိ တရုတ်သံအမတ်အား  ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ခေါ်ယူ
ကာ တရုတ်စစ်ရေယာဉ် များ အဆိုပါကျွန်းများမှ ထွက်ခွာ    ပေးရန် သတိပေးပြောကြားခဲ့ သည်။ တရုတ်စစ်ရေယာဉ်များ အဆိုပါ ကျွန်းများအနီး ၁၃နာရီ  ကြာ စခန်းချသွားခဲ့ကြောင်း သိရ  သည်။
တရုတ်တို့ကလည်း အဆိုပါ   ကျွန်းများမှာ ရှေးပဝေသဏီက  ပင် တရုတ်ပိုင်ဖြစ်ခဲ့ကြောင်း၊ ဒုတိ ယကမ္ဘာစစ်ကာလအတွင်း ဂျပန် တို့ နိုင်လိုမင်းထက်သိမ်းပိုက်ခဲ့ ကြောင်း၊စစ်ပွဲအပြီး အမေရိကန် တို့ ကမကထပြုရေးဆွဲသည့် နယ်  နိမိတ်သတ်မှတ်ချက်များတွင်  အဆိုပါကျွန်းများကို ဂျပန်တို့  ပိုင်ဆိုင်လေဟန်ရေးသားဖော်ပြ   ခဲ့ခြင်းဖြစ်ကြောင်းပြောလျက်ရှိ သည်။
ဂျပန်တို့သည် ယမန်နှစ် စက်တင်ဘာလ အဆိုပါကျွန်းကို ပုဂ်္ဂလိက စီးပွားရေးပိုင်ရှင်တစ်ဦး ထံမှတရားဝင်ယူထားရာ၊တရုတ်  တွင်ဂျပန်ဆန့်ကျင်ရေးဆန္ဒများ ပြင်းထန်ခဲ့သည်။တရုတ်စစ်ရေယဉ်     များ ရှင်ကာကူခေါ် ဒိုင်အိုယူ ကျွန်းများအနီး ကင်းလှည့်မှုများ   ဆောင်ရွက်မှုများအနီး ဂျပန်စစ် တပ်၊စစ်သင်္ဘောများကို စေလွှတ်  ကာ ဟန်ရေးပြလျက်ရှိသည်ကို  တွေ့ရသည်။
hot news

No comments:

Post a Comment