Pages

Thursday, January 10, 2013

စီးပွားရေးမဟာစီမံကိန်းများအတွက် ရန်ကုန်တွင်ဗီယက်နမ်က ဒေါ်လာသန်း ၃၀၀ မြှုပ်နှံ




XHBauDuc 

ဗီယက်နမ်နိုင်ငံ၏ စူပါစီးပွား ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့်  Hoang Anh Gia Lai Group သည် ယခုနှစ်အတွင်း ရန်ကုန်မြို့ ရှိ အဂ္ဂမဟာစက်မှုဇုံ (Mega- C omplex) အဆောက်အအုံတစ်ခု တည်ဆောက်ရေးအတွက် အမေ ရိကန်ဒေါ်လာသန်း ၃၀၀ထည့်ဝင်   အသုံးပြုကာ ၅နှစ်အတွင်းအပြီး   တည်ဆောက်သွားမည်ဟု ဗီယက် နမ်သတင်းများတွင်ဖော်ပြသည်။ ဗီယက်နမ်တွင် ဒုတိယအချမ်းသာ   ဆုံးသန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ် သည့်ဆောက်လုပ်ရေးကုမ်္ပဏီပိုင်    ရှင်ကြီး ဒေါင်ငုယင်ဒတ် (Doan Nguyen Duc) က ““အခု အချိန်  ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံ  ဖို့အကောင်းဆုံးအချိန်ပဲ””ဟု ပြော ကြားသွားကြောင်း စီအင်အေ သတင်းတစ်ရပ်တွင်ဖော်ပြသည်။
အဆိုပါ စီးပွားရေးအဆောက် အအုံကြီးတည်ဆောက်နိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှမြန်မာ နိုင်ငံသို့ သံမဏိထည်များတန်ချိန်   ၃၀၀၀၀နှင့်ဘိလပ်မြေတန်ချိန်  ၂၀၀၀၀ကိုပေးပို့တော့မည်ဟုသိရ သည်။
တည်ဆောက်ရေးလုပ်ငန်း  များအတွက် သံမဏိထည်များ အား မြန်မာနိုင်ငံသို့ပေးပို့ရာတွင်   မြန်မာနိုင်ငံသို့
 ပေးပို့သည့်ကုန် ကျစရိတ်မှာ အခြားနိုင်ငံများထက်   ၂၀ရာခိုင်နှုန်းမျှသက်သာသည်ဟု  ၎င်းကဆိုသည်။
hot news

No comments:

Post a Comment