Pages

Wednesday, January 2, 2013

ဗုဒ္ဓ မြတ်စွယ်တော် ပြန်လည် ကိန်းဝပ်ရန် ပင့်ဆောင်

ဇန်န၀ါရီလ  ၂


 ဗုဒ္ဓ မြတ်စွယ်တော် ပြန်လည် ကိန်းဝပ်ရန် ပင့်ဆောင်
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့  အောင်မင်္ဂလာ ဘိုးတော်ကျောင်း တိုက်တွင်းရှိ ဗုဒ္ဓ စွယ်တော်တိုက်တွင် ကိန်းဝပ်စံပယ်လျက် ရှိသည့် လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝ ကျော်က စော် ဘွားကြီး စောကြာခိုင် သီဟိုဠ်နိုင်ငံမှ ပင့်ဆောင် ခဲ့သော ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ် အပူ ဇော်ခံပွဲနှင့် မြို့နယ် အတွင်းသို့ လှည့်လည် အပူဇော်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက် မှ ၃ဝ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဗုဒ္ဓ မြတ်စွယ်တော် တိုက်တွင် ကိန်းဝပ်ရန် ပြန်လည် ပင့်ဆောင်သည့်  အခမ်းအနားကို ယင်းကျောင်းတိုက်၌ ကျင်းပရာ ဘိုးတော်ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မိလိန္ဒ အရှင်သူမြတ်ထံ ပွဲတော် ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းစံတင့်၊ အတွင်းရေးမှူး ဦးမြသန်းနှင့် တာဝန်ရှိသူများက လွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရသည်။
မြ၀တီ

 

No comments:

Post a Comment