Pages

Wednesday, January 2, 2013

ပုသိမ်-ချောင်းသာခရီးသည်တင်ကား တိမ်းမှောက် လူတစ်ဦး သေဆုံး

ဇန်န၀ါရီလ  ၂

Photo: ပုသိမ်-ချောင်းသာခရီးသည်တင်ကား တိမ်းမှောက် လူတစ်ဦး သေဆုံး
Wednesday, January 02, 2013 

ပုသိမ်မှ ချောင်းသာသို့ ထွက်ခွာခဲ့သော သီဟ ခရီးသည်တင်ယာဉ်မှာ ၀ါးပိုးအနီးရှိ တံတားတွင် ဒီဇင်ဘာ (၃၀)ရက်  နေ့လည် ၁နာရီ၄၅မိနစ်အချိန်က တိမ်းမှောက်ခဲ့ရာတစ်ဦး သေဆုံးပြီး လူ(၁၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ ကားမှောက်တာကြောင့် ယောက်ျားလေးတစ်ယောက် သေဆုံးခဲ့
တယ် ယောက်ျားလေး ၇ဦး နဲ့ မိန်းကလေး ၇ဦး ကိုတော့ ဆေးရုံတင်
ထားတယ်။ ပေါင်ကျိုးတဲ့သူတစ်ဦးကလွဲရင် တခြားပြင်းပြင်း ထန်ထန် ဒဏ်ရာရတဲ့လူမရှိပါဘူး”  ပုသိမ်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက
 ပြောသည်။ 

အဆိုပါ ကားတိမ်းမှောက်ခြင်းကြောင့် ပုသိမ်မြို့ ရာမည ရပ်ကွက်နေ အသက်(၁၆)နှစ်အရွယ်ရှိ ကျော်ဇင်ဝင်းသည် ကုန်စည်ဝန်များ ပိ၍  သေဆုံးခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက် တာဝန်ယူမှုအပိုင်းကိုမူ မသိရှိရသေးပေ။

“ကားစထွက်ကတည်းက ကုန်တွေအများကြီးတင်ထားပြီး ဆန်အိတ်တွေ
တင် အိတ်(၂၀)ကျော် ပါတယ်။ ၀ါးပိုးတံတား နားရောက်တော့ ဘီးပေါက်ပြီး တံတားလက်ရမ်းကနေ ထိုးကျခဲ့တာ” ဒဏ်ရာ ရရှိခဲ့သည့် ခရီးသည်
 ဒေါ်အေးအေးစိုးက ပြောသည်။

ပုသိမ်-ချောင်းသာကားများသည် ကုန်တန်ချိန် အဆမတန်တင်ခြင်း ၊ ခရီးသည်တင်ရာတွင် လူဦးရေ အကန့်အသတ်မရှိခြင်း ၊ ခေါင်မိုးများပေါ်တွင် တွယ်စီးလိုက်ပါခြင်းကြောင့် ကုန်းတက်ကုန်းဆင်း များသောကြောင့်
 ချောင်းသာကားလမ်းပေါ်တွင် မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်
ရှိ ကြောင်းကိုလည်း ဒေသခံများထံက သိရှိရသည်။ 

“ပုသိမ်-ချောင်းသာ ကားလမ်းတွေက လိုင်း(၃)လိုင်းပဲရှိတာ။ အကုန်လုံးက ကားဟောင်းတွေချည်းပဲ။ ပြီးတော့ ကားနဲ့မမျှအောင် လူတွေ ကုန်တွေ
တင်တော့ စီးတဲ့လူတွေက ရင်တထိတ်ထိတ်နဲ့ ကြပ်ကြပ် သိပ်သိပ်နဲ့ ခရီးသွားနေရတာ” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။ 

ယခုရက်ပိုင်းသည် ပုသိမ်-ချောင်းသာ၌ ပွဲတော်ရက်များ နှစ်သစ်ကူး
ရက်များ ဖြစ်သောကြောင့် အနယ် နယ် အရပ်ရပ်မှ ခရီးသည်များသည် အပန်းဖြေရန် လာရောက်လည်ပတ်မှုများပြားနေချိန်တွင် ယခုကဲ့ သို့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ပုသိမ်နှင့် ငွေဆောင်၊ ပုသိမ်နှင့်ချောင်းသာ ခရီးများမှာ ခရီးသယ်တင်ကား
များဖြင့်ဆိုပါက ပုံမှန် နေ့ဝက်ခရီးသာ ရှိသည်။

Myit Makha Mediagroup

ပုသိမ်မှ ချောင်းသာသို့ ထွက်ခွာခဲ့သော သီဟ ခရီးသည်တင်ယာဉ်မှာ ၀ါးပိုးအနီးရှိ တံတားတွင် ဒီဇင်ဘာ (၃၀)ရက် နေ့လည် ၁နာရီ၄၅မိနစ်အချိန်က တိမ်းမှောက်ခဲ့ရာတစ်ဦး သေဆုံးပြီး လူ(၁၄)ဦး ဒဏ်ရာရ
ရှိခဲ့ကြောင်း သိရှိရသည်။

“ ကားမှောက်တာကြောင့် ယောက်ျားလေးတစ်ယောက် သေဆုံးခဲ့တယ် ယောက်ျားလေး ၇ဦး နဲ့ မိန်းကလေး
 ၇ဦး ကိုတော့ ဆေးရုံတင်ထားတယ်။ ပေါင်ကျိုးတဲ့သူတစ်ဦးကလွဲရင် တခြားပြင်းပြင်း ထန်ထန် ဒဏ်ရာရ
တဲ့လူမရှိပါဘူး” ပုသိမ်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ကားတိမ်းမှောက်ခြင်းကြောင့် ပုသိမ်မြို့ ရာမည ရပ်ကွက်နေ အသက်(၁၆)နှစ်အရွယ်ရှိ ကျော်ဇင်ဝင်း
သည် ကုန်စည်ဝန်များ ပိ၍ သေဆုံးခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအတွက်တာဝန်ယူမှုအပိုင်းကိုမူ
 မသိရှိရသေးပေ။

“ကားစထွက်ကတည်းက ကုန်တွေအများကြီးတင်ထားပြီး ဆန်အိတ်တွေတင် အိတ်(၂၀)ကျော် ပါတယ်။
 ၀ါးပိုးတံတား နားရောက်တော့ ဘီးပေါက်ပြီး တံတားလက်ရမ်းကနေ ထိုးကျခဲ့တာ” ဒဏ်ရာ ရရှိခဲ့သည့် ခရီး
သည်ဒေါ်အေးအေးစိုးက ပြောသည်။

ပုသိမ်-ချောင်းသာကားများသည် ကုန်တန်ချိန် အဆမတန်တင်ခြင်း ၊ ခရီးသည်တင်ရာတွင် လူဦးရေ အကန့်
အသတ်မရှိခြင်း ၊ ခေါင်မိုးများပေါ်တွင် တွယ်စီးလိုက်ပါခြင်းကြောင့် ကုန်းတက်ကုန်းဆင်း များသောကြောင့်
ချောင်းသာကားလမ်းပေါ်တွင် မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်းကိုလည်း ဒေသခံများ
ထံက သိရှိရသည်။

“ပုသိမ်-ချောင်းသာ ကားလမ်းတွေက လိုင်း(၃)လိုင်းပဲရှိတာ။ အကုန်လုံးက ကားဟောင်းတွေချည်းပဲ။ ပြီးတော့ ကားနဲ့မမျှအောင် လူတွေ ကုန်တွေတင်တော့ စီးတဲ့လူတွေက ရင်တထိတ်ထိတ်နဲ့ ကြပ်ကြပ်
သိပ်သိပ်နဲ့ ခရီးသွားနေရတာ” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းသည် ပုသိမ်-ချောင်းသာ၌ ပွဲတော်ရက်များ နှစ်သစ်ကူးရက်များ ဖြစ်သောကြောင့် အနယ် နယ်
 အရပ်ရပ်မှ ခရီးသည်များသည် အပန်းဖြေရန် လာရောက်လည်ပတ်မှုများပြားနေချိန်တွင် ယခုကဲ့ သို့ ယာဉ်
မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပုသိမ်နှင့် ငွေဆောင်၊ ပုသိမ်နှင့်ချောင်းသာ ခရီးများမှာ ခရီးသယ်တင်ကားများဖြင့်ဆိုပါက ပုံမှန် နေ့ဝက်ခ
ရီးသာ ရှိသည်။

Myit Makha Mediagroup

No comments:

Post a Comment