Pages

Monday, January 14, 2013

“သံလွင်တံတား ၂၄ နာရီ ဖွင့်ပြီ”

Photo: “သံလွင်တံတား ၂၄ နာရီ ဖွင့်ပြီ”

ရန်ကုန်၊ ဇန်န၀ါရီ ၁၄

ယခင်က လုံခြုံရေးအရအချိန်ပိုင်းသာ ဖွင့်ခဲ့သော သံလွင်တံတား(မော်လမြိုင်) အား ဇန်န၀ါရီ ၁၀ ရက်နေ့မှ စတင်ကာ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရမှ သိရသည်။

ယခင်သံလွင်တံတား (မော်လမြိုင်)သည် လုံခြုံရေးအရ မနက် လေးနာရီမှ ည ဆယ်နာရီအထိသာ ကားများ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း ယခုအချိန်၌ KNU နှင့် မွန်ပြည်သစ်ပါတီကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပြီ ဖြစ်သဖြင့် တံတားကြီးအား အချိန်ပြည့် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

တံတားကြီးအား အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ခြင်း ပြုလုပ်နေစဉ်၌ မော်တော်ယာဉ်များ အနေဖြင့် တံတားဖွင့်ချိန်မှီရန် အမြန်မောင်းနှင်ခြင်း ကြောင့် အန္တရယ်ာများ ဖြစ်ပွားနိုင်ကြောင်းနှင့် တံတားဖွင့်ချိန်အား ရပ်တန့် စောင့်စားရသည့်အတွက် ခရီးသည်များအချိန်ကြာလင့် ဒုက္ခတွေ့မှုများ တွေ့ကြုံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သံလွင်တံတား(မော်လမြိုင်)သည် မြန်မာနိုင်ငံ၌ ပခုက္ကူတံတား(ဧရာဝတီ) အောက် ဒုတိယအရှည်ဆုံး တံတားကြီးဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပေါင်း ထောင်ချီ၍ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုး

ယခင်က လုံခြုံရေးအရအချိန်ပိုင်းသာ ဖွင့်ခဲ့သော သံလွင်တံတား(မော်လမြိုင်) အား ဇန်န၀ါရီ ၁၀ ရက်နေ့မှ စတင်ကာ ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရမှ သိရသည်။

ယခင်သံလွင်တံတား (မော်လမြိုင်)သည် လုံခြုံရေးအရ မနက် လေးနာရီမှ ည ဆယ်နာရီအထိသာ ကားများ ဖြတ်သန်းခွင့် ပြုခဲ့သော်လည်း ယခုအချိန်၌ KNU နှင့် မွန်ပြည်သစ်ပါတီကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ပြီ ဖြစ်သဖြင့် တံတားကြီးအား အချိန်ပြည့် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

တံတားကြီးအား အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်ခြင်း ပြုလုပ်နေစဉ်၌ မော်တော်ယာဉ်များ အနေဖြင့် တံတားဖွင့်ချိန်မှီရန် အမြန်မောင်းနှင်ခြင်း ကြောင့် အန္တရယ်ာများ ဖြစ်ပွားနိုင်ကြောင်းနှင့် တံတားဖွင့်ချိန်အား ရပ်တန့် စောင့်စားရသည့်အတွက်ခရီးသည်များအချိန်ကြာလင့် ဒုက္ခတွေ့မှုများ တွေ့ကြုံခဲ့ရကြောင်း ဒေသခံတစ်ဦး
က ပြောသည်။

သံလွင်တံတား(မော်လမြိုင်)သည် မြန်မာနိုင်ငံ၌ ပခုက္ကူတံတား(ဧရာဝတီ) အောက် ဒုတိယအရှည်ဆုံး တံတားကြီးဖြစ်ပြီး နေ့စဉ် မော်တော်ယာဉ်နှင့် ဆိုင်ကယ်ပေါင်း ထောင်ချီ၍ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
Popular Myanmar News Journal

No comments:

Post a Comment