Pages

Monday, January 14, 2013

ဆိုးဆေးများရောင်းချပါက ပထမအကြိမ်ခေါ်ယူအသိပညာပေးပြီး ဒုတိယအကြိမ်ရောင်းချပါက တရားစွဲဆိုနိုင်ရန်သွားမည်

 

အခြေလူတန်းစားများ စားသောက်သုံးစွဲနေသည့်အစား အစာနှင့် အချိုရည်၊ ဖျော်ရည်များ တွင်ထည့်သောဓာဓုဆေးဝါးအား အစားအသောက်များတွင်ထည့် ကာထုတ်လုပ်ရောင်းချခြင်း၊ ရောင်းဝယ်ဖောက်
ကာခြင်းများ ပြုလုပ်ပါက ပထမကြိမ်တွင် ခေါ်ယူအသိပညာပေးများပြုလုပ် ပြီး ဒုတိယအကြိမ်ထုတ်လုပ်ရောင်း  ချပါက National Food Law အရတရားစွဲအရေးယူသွားမည်ဖြစ် ကြောင်း စားသုံးသူကာကွယ်ရေး အသင်းမှ သိရသည်။
ဆိုးဆေးများထည့်သွင်းထုတ် လုပ်ရောင်းချခြင်းရှိမရှိအား ဈေး နှင့် ဈေးဆိုင်များမရသေးဆိုင်များ တွင်လည်း ရှောင်တကင်စစ်ဆေး   သွားမည်ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ ဦးဗအုပ် ခိုင်ကပြောကြားသည်။
“ဆရာတို့အနေနဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က စစ်တာရွှေပြည် သာမြို့နယ်ထဲက ၂ ဈေး ဒညင်း  ကုန်းက ၁ ဈေး၊ ဇီးကုန်း၊ ဈေး တွေကို စစ်တတယ်။ စစ်တဲ့အခါ မှာလည်း ဆိုးဆေးတွေကို အဓိက ထားစစ်တယ်။ အဲလိုစစ်တဲ့အခါ မှာ ဆိုးဆေးသုံးတာငရုတ်သီးမှုန့် တွေတော်တော်များများမိတယ်။ ထန်းခြောက်ပင်မှာက ပုဇွန်ချဉ်မှာ  ပါဆိုးဆေးတွေဆိုးထားတာတွေတယ်ပန်းရောင်ဆိုးဆေးတွေ နောက်ကြက်သားတွေမှာပါဆိုးဆေး  တွေကိုသုံး
တယ်။
 ဇီးကုန်၊ ဈေး မှာ ဆိုးေးတွေကို တင်ရောင်းတာတွေ့  လို့သိမ်းလာတယ်။ ဇီးကုန်ဈေးမှာ က ၂ ဆိုင်တွေတယ်။ ကုန်ခြောက်  ဆိုင်တချို့ဆိုးဆေးတွေကို ၁ ထုတ်  ၁၀၀ နဲ့ တင်ရောင်းတာတွေတယ်။ ထန်ခြောက်ပင်မှာ တွေ့တယ် “ဒိုင်မှာတောင်မသိမ်းပဲနဲ့” သူတို့ကို သိမ်းတယ်လိုပြောနေတာနဲ့ အဲဒီ ဈေးမှာရှိတဲ့ ဈေးတာဝန်ခံရုံးကို သွားပြီး အကျိုးအကြောင်းပြော ပြတယ်။ နောက်တစ်ခါဆိုရင်တော့ တရားစွဲအရေးယူရလိမ့်မယ်။ စည်ပင်ကလည်းပြောပါတယ်။ “ဆရာတို့လုပ်တာကောင်းတယ်။ ကျွန်တော်တို့သူတို့ကိုနောက်သုံး အကြိမ်သတိပေးလိုက်မယ်ဆိုင် နံပတ်တွေဘာတွေမှတ်သွားတယ်။  ပထမအကြိမ်သူတို့ကိုမိတယ်ဆို တော့
ပညာပေးတာရယ်သတိပေးတာတွေလုပ်တယ်။ အရေးယူတာ တော့မလုပ်သေးဘူး။ ဘာလို့သူ တို့ကို အသိပညာနဲ့ သတိပေးတာ  လည်းဆိုတော့ ဒီဟာတွေက ကင်ဆာဖြစ်စေတယ်။ ဒါတွေကို   မရောင်းဖို့ကိုယ်ချင်းစာဖို့ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ်ဆိုရင် တော့  National Food Law အရ အရေးယူဖို့ဆောင်ရွက်သွားမယ်” ဟုပြောကြားခဲ့သည်။
စားသုံးသူကာကွယ်ရေးအသင်း မှ ယခုကဲ့သို့ဈေးများတွင် စစ်ဆေး  ခြင်းမှာ ပြည်သူလူထုကောင်းကျိုး အတွက်နှင့် ကျန်းမာရေးအတွက် ဖြစ်သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရှိရသည်။
hot news

No comments:

Post a Comment