Pages

Monday, January 7, 2013

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ မိဘမဲ့ ဂေဟာ တစ်ခု မီးလောင် ခုနစ်ဦး သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟေနန် ပြည်နယ် လန်ခို စီရင်စုရှိ မှတ်ပုံတင် ထားခြင်း မရှိသေးသည့် မိဘမဲ့ ဂေဟာ တစ်ခု၌ ဇန်နဝါရီ ၄ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကလေး ခြောက်ဦးနှင့် အရွယ်ရောက်ပြီးသူ တစ်ဦးတို့ သေဆုံး ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မီးလောင် ကျွမ်းမှုသည် နံနက် ၈ နာရီ ခွဲတွင် စတင်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားစဉ် အဆိုပါ မိဘမဲ့ ဂေဟာ၌ အသက် ၂ဝ အရွယ် တစ်ဦးနှင့် ကလေး ခုနစ်ဦးတို့ ရှိနေကြောင်း သိရသည်။ ၎င်းတို့ ရှစ်ဦး စလုံးသည် မိဘမဲ့ ကလေးများ ဖြစ်ကြသည်ဟု သိရသည်။ ၎င်းတို့အနက် လေးဦးသည် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး သုံးဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံး ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ကလေး တစ်ဦးမှာ ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိသည်။ ၎င်းမိဘမဲ့ ဂေဟာမှာ အသက် ၄၈ နှစ် အရွယ်ရှိ ဒေသခံ ယွမ်လီဟိုင် ဆိုသူ ဖွင့်ထားသည့် ဂေဟာဖြစ်ပြီး အစိုးရထံ မှတ်ပုံတင် စာရင်းသွင်း ထားခြင်း မရှိပေ။

၎င်းဂေဟာ၌ ကလေး ၃၄ ဦး ရှိပြီး ကလေး အများစုမှာ မသန်မစွမ်း ကလေးများ သို့မဟုတ် မကျန်းမာသော ကလေးများ ဖြစ်ကြသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်း အရင်းကို စုံစမ်း စစ်ဆေးဆဲဟု သိရသည်။
မြ၀တီ

No comments:

Post a Comment